44(Another Extra❤)

1.4K 114 51
                                    

Unicode

ခန့်သျှား​ကျော် ဟိုတယ်က ပြန်လာ​တော့ပင်ပန်းလာတာမို့ အိပ်ခန်းဆီပဲတန်းဝင်လာလိုက်သည်။ အ​မော​ပြေ​ဆေး​လေးက အဲ့ထဲမှာ​လေ...

"​လေး​လေး ​မော့ ... အဲ့လိုကြီး မလုပ်နဲ့​လေ။ နှုတ်ခမ်းနီမညီဘဲ​နေမယ်။ ရပြီ။ "

အသံစီစီ​လေး​တွေကြားရ​တော့ခန့်သျှားမျက်​မှောင်ကြုတ်မိသည်။သူ့အခန်းထဲဘယ်က မိန်းက​လေး​ရောက်​နေတာလဲ။

"မဏီ!!!"

ခန့်သျှားအထင်နဲ့လွဲစွာ သူ့အား အလှ​လေးနှစ်​ယောက်ကကြိုဆို​နေသည်ကို​တွေ့လိုက်ရ၏။

"​မောင်... ဘာလို့အ​စောကြီးပြန်လာတာလဲ။

ယိုယို ​လေး​လေးကိုပြန်ဖျက်​ပေး​တော့"

ထင်ပါတယ်ဆိုပြီး​အပြင်မှာတည်းကနား​ထောင်​နေတာဘယ်ဟုတ်မလဲ။မိဗိုလ်သမီး ယိုယိုမ သူ့​ယောကျာ်းကိုအလှ​တွေစွတ်ပြင်​ပေး​နေတာများ...

မဏီ့ဆံပင်ရှည်ကြီးကကျစ်ဆံမြီးကျစ်လို့...
ဖဲပြား​တွေလည်းတပ်​ထား​သေးသည်။မိတ်ကပ်​တွေကိုလည်း ယိုယိုလူး​ပေးထားတာ ညီလို့...
မျက်​တောင်​ကော့​ကော့​လေး​တွေက အတုမဟုတ်ဘဲ အစစ်ကို​ဆေးနဲ့ပြန်​ကော့ထားတာဖြစ်မည်။ မဏီကနဂိုအတိုင်း​​နေရင်တောင်မျက်​တောင်ရှည်ကြီး​တွေများစင်းလို့...
Eye shadow​ရောင်စုံနှင့် မျက်ခွံလှလှ​လေး​တွေရယ်က မျက်လုံးညိုညို​လေး​တွေကိုပို​ပေါ်​စေသည်။ထို့ပြင်လှပစွာခြယ်​ထားသောပါးအို့နီနီလေးကဆွဲကိုက်ပစ်ချင်စရာ...

"ယိုယို ပန်းခူးလာတာ မပန်ရ​သေးဘူး​လေ ​လေး​လေးကလဲ..."

သမီးမိန်းက​လေးလိုချင်​သော မဏီတစ်​ယောက် သား​တွေကြီးလာ၍ ​ချော့မြှူလို့မရ​တော့သည့်အရွယ်မို့ တူမ​တော်ကိုသာ ချစ်​နေပုံရသည်။အိမ်လည်​ခေါ်ပြီးရင်​တော်​တော်နဲ့ပြန်မလွှတ်​ပေ။

အခုလည်းကြည့်ပါလား။တခြားလူသာသူ့ကိုပန်းပန်​ပေးမယ်​ပြောကြည့် ထ​တောင်သတ်ပစ်ဦးမယ်။ သူ့တူမ ပန်းပန်​ပေး​တော့ လူ​ကောင်ကြီးနဲ့မလိုက်စွာ ငြိမ်ခံလို့...

 Being His Man OR Cupid Lady(Fujoshi)Completed💚Where stories live. Discover now