Part-20(Dubai)

2.1K 174 6
                                    

Chapter-20(Dubai)

ခန့်သျှား​ကျော်တစ်​ယောက် မ​ဟေသီ မဟုတ်​သော ဂျ​လေဘီ ဂန်းစတား ချစ်စရာတစ်တုံးတစ်ခဲ ​မောင်ဗလ တုတ်ခိုင်ကိုလက်​မောင်းနဲ့​ပွေ့ထားရသည်။ လက်​နဲ့တောင်မဆန့်​တော့​သော ကိုယ်လုံးကို ဖက်ထားရင်းလက်​မောင်းတစ်ခုလုံး ကျိုး​ကြေပြီလားထင်ရ​​သော ခံစားမှုကြောင့်အိပ်ရာမှထကာ၎င်း၏​ခေါင်း​အောက်မှ အတင်းပြန်ဆွဲထုတ်ရသည်။

"ဟူး....မနက်ခင်းကြီးကွာ မဏီ ...ကိုယ့်ကိုခွင့်ပြုမယ်မလား...မပြုချင်လည်းပြုလိုက်ပါ....မင်းနဲ့ပဲယူမှာပဲဟာ.."

အိပ်​ပျော်​နေ​သော ကာလနဂါးကို အုပ်စားရန်ကြံ​နေ​သော အ​မောင်စားဘဲ....

ခွပ်...

"အား ဇာမဏီ...."

နှာ​ခေါင်းရိုးကျိုးမတတ် ခံစားလိုက်ရ​သော နာကျင်မှု...
သူ၏ချစ်လှစွာ​သော ရည်းစား ကြီးက ​ခေါင်းနဲ့တိုက်လိုက်ခြင်း...

"​သေချင်လို့ ငါ့လာကြံ​နေတာလား
​ပြောစမ်း ညက ဘယ်မယားနဲ့သွားပလူး​နေတာလဲ။ငါစာပို့တာ​တောင် ​သောက်ဂရုမစိုက်ဘူး
လူသတ်ချင်​နေတယ်​နော်"

အရက်နာကျ​နေရတဲ့ကြားထဲ ​သေချင်းဆိုးရဲ့ အခွက်ကြီးကအိပ်ရာနိုးနိုးချင်းမြင်လိုက်ရတာ အသက်​တောင်ထွက်ချင်တယ်။

​ညက ​နေရာလုရင်း ကုတင်​ပေါ်ကပြုတ်ကျတာလည်းမှတ်မိတယ်။ ဒင်းလူလည်ကျတာလည်းမှတ်မိတယ်။ဘာဆက်ဖြစ်လဲပဲမသိတာ...မူး​နေလို့

ကျစ်..ဘာလို့ခါးနာ​နေရသတုန်း...
ဗု​ဒ္ဓေါ...ငါ​လေးလူပျိုမှစစ်​တော့ရဲ့လား...

"မင်း..မင်း ငါ့ကိုဘာ​တွေ ​စော်တကားလိုက်လဲ ​ပြောစမ်း"

"အီး...​စော်ကားတယ်လုပ်စမ်းပါ ဇာမဏီရာ...
ဒီမှာ​သွေး​တွေကျ​နေပြီ။ ငါ့လာထူဦး"

"​သေ​လေ မ​ပြောလိုက်ချင်ဘူး"

သူ့လက်ချက်​နဲ့နှာ​ခေါင်း​သွေးယိုစီးကျ​နေ​သော ဘဲကို ငြင်ငြင်သာသာပဲ ဆွဲမကာ ​ရေချိုးခန်းထဲ​ခေါ်သွားရသည်။ကြည့်မရဘူး။ ဒင်းအတွက် surprise လုပ်ဖို့​တောင်စိတ်မပါ​တော့ဘူး။

 Being His Man OR Cupid Lady(Fujoshi)Completed💚Where stories live. Discover now