Part-13(Thadingyut special)

2.7K 241 30
                                    

Chapter- 13

ဆီမီး​လေး​တွေတန်းစီကာအစ်ကို​​တော်​တွေပြန်လာသည့်အထိမ်းအမှတ်အဖြစ်မိဗိုလ်တစ်​ယောက်ကြိုဆိုရ​သေးသည်။Hotelကြီးတစ်ခုလုံးကစည်ကားလျက်...

မိဗိုလ်၏စီးပွား​ရေးအကွက်မြင်မှုကြောင့်ပြင်ဦးလွင်မှWhite houseနှင့်ခပ်ဆင်ဆင်ဟိုတယ်သစ်ကိုမားသစ္စာနှင့်စပ်တူတွဲဖွင့်​သေးသည်။

မားမားသားအမိကမလွယ်ပါ။fujoshiချင်းမို့သူတို့​ပြောသမျှစကား​​တွေအများစုကစီးပွား​ရေးပြီးလျှင်BLကားအ​ကြောင်း​တွေပင်...

November(1).2041ခုနှစ်...

လပြည့်​နေ့အခါသမယသို့ကျ​ရောက်လာ​ပေပြီ။မုန့်ဖိုး​တောင်းဖို့အချိန်​ကောင်း​ပေါ့။အနှစ်တို့ချီးထုပ်တစ်စုအတွက်...

ကျန်တဲ့အချိန်ဆိုပါးပါးကသိပ်ကပ်​စေးနည်းတာ
မုန့်ဖိုးကိုတစ်​နေ့တစ်​ထောင်အပြင်ပိုမ​ပေးဘူး။
ဘိုး​အေ၊ဘွား​အေ​တွေရှိလို့သာခံသာတာ...
အနှစ်​လေးတစ်​ယောက်ရတဲ့မုန့်ဖိုးနဲ့company​ထောင်လိုက်ဦးမယ်။
ဒန် တန် တန်...
စိတ်ကူးယဥ်​နေတယ် ဘာညာ လာမ​ပြောနဲ့။
စိတ်ကူးယဥ်တာပိုက်ဆံမ​ပေးရဘူး။
ကိုယ်ထင်ရင် ကုတင်​ရွှေနန်းပဲ။

"ပါးပါးနဲ့​ဖေ​ဖေ့ကိုကန်​တော့ပါတယ်။အမိုက်အမဲ​လေး​တွေကိုခွင့်လွှတ်ပါ။ကာယကံ၊ဝစီကံ၊မ​နောကံ၃ပါးလုံးမလွတ်​အောင်ပစ်မှားမိလို့​တောင်းပန်ပါတယ်"

"ငရဲကျပါ​စေ"

ငင့်

"ပါးပါး!!!"

"တန်ရာ တန်ရာပဲလေ ဆု​ပေးတာ"

"ဟွန့် ဟီး ကန်​တော့ပြီးရင် လုပ်​နေကျလေး ပါးပါး"

လက်ဝါးဖြန့်ပြီးလျက်ဆား​တောင်း​နေ​သောချီး​ပေ ၅ကောင်အတွက် ဇာပြန်​လေးကတိုးလျက်ဆားဘူး ဖွင့်ကာလက်ဝါး​ပေါ်တင်​ပေးလိုက်သည်။

"စားကြ သားတို့ သမီးတို့
လျက်ဆား​တောင်း​နေတာမလား စားစား"

"ပါးပါး"

"ခွီ ဟားဟား ဟားဟား ကိုကို့လည်းတစ်တို့​လောက် သျှား​လေး"

 Being His Man OR Cupid Lady(Fujoshi)Completed💚Where stories live. Discover now