Part-(44.2) Manie's diary

1.5K 93 70
                                    

Unicode

ဦးထက်​ဝေ​သော်(L.B.B.S)
အထက်တန်း​ရှေ့​နေ...

"ထိုင်ပါ ညီမ..."

"ဟုတ်ကဲ့"

ထက်​ဝေ​သော် ကွာရှင်းရန်လာသည့်စုံတွဲကို​သေချာစိုက်ကြည့်လိုက်သည်။အမျိုးသမီးက ဘဝကိုစိတ်ကုန်​နေသလိုဖြစ်​နေပြီး အမျိုးသားက​တော့​ကျောက်တုံး​ကျောက်စိုင်လိုမာ​ကြော​ကြောရုပ်ရည်ရှိသည်။

"ပိုင်ဆိုင်မှုက..."

"သူ့အကုန်​ပေးလိုက်ပါ။ ကျွန်​တော်က လက်နှစ်ဖက်ရှိရင် ထမင်းမငတ်ဘူး"

အမျိုးသမီးက ဘာမှမ​ပြော​ပေမဲ့အမျိုးသားက ထိုမျှ​ပြောကာစာချုပ်ယူပြီးထ​လေသည်။

"ရှင်ခဏ​နေဦး..."

မိန်းမကလက်ဆွဲထားတာ​ကြောင့်ကြည့်လိုက်​တော့လက်ပြန်ရုတ်သွားသည်။

"တကယ်ဆုံးဖြတ်ပြီးပြီလား။"

"အင်း... ငါ့အတွက် မင်းလုပ်​ပေးသမျှထဲအ​ကောင်းဆုံးမှတ်ပါ။ ငါ​နောက်တစ်​ယောက်ရှာမှာမဟုတ်သလို မင်းအနားမှာလည်း​နေမှာမဟုတ်​တော့ဘူး။ ငါသွားပြီ မိုး..."

ထက်​ဝေ​သော် ထိုလင်မယား Sorry ... ကွာရှင်းပြီးသားသူစိမ်းနှစ်​ယောက်ကိုအကဲခတ်​နေမိသည်။အရင်လူ​တွေနဲ့နည်းနည်းကွာတယ်။

"ရှင်သိလား။ ကျွန်မက တန်ဖိုးအကြီးဆုံးရတနာကို​လေးလံတဲ့ ​ကျောက်ခဲထင်ပြီးလွှတ်ချပစ်ခဲ့မိတယ်။"

အမျိုးသမီးကချက်ချင်းမထွက်သွား​သေးဘဲသူ့အားစကား​ပြောနေ၍ နှစ်သိမ့်စကားမ​ပြောတတ်တာမို့နား​​ထောင်​ပေးလိုက်သည်။

"ကျွန်မ​လောက်မိုက်မဲတဲ့သူရှိမှာမဟုတ်ဘူး"

အမျိုးသမီးက သူတို့ဇာတ်လမ်းကိုပြန်​ပြောပြသည်။

"အိမ်​ထောင်သက်၅နှစ်မှာသူ့ဆီကကျွန်မရဖူးတာ ဘာမှမရှိဘူးလို့ထင်မိတယ်။ ဒါ​ကြောင့် ကျွန်မကွာရှင်းချင်ခဲ့တာ... တကယ်တမ်းကျ ကျွန်မကမသိခဲ့တာ သူ​ပေးသမျှအရာရာကို​လေ... စည်းစိမ်ဥစ္စာမများတဲ့သာမန်ဝန်ထမ်း​ပေမဲ့ ကျွန်မအတွက်အိမ်ပိုင်ရ​အောင် ဝယ်​ပေးခဲ့တာကို ကျွန်မ မမြင်ခဲ့ဘူး။ က​လေးမရတဲ့ဘဝမှာကျွန်မသိတာ အိမ်မှုကိစ္စလုပ်ရတာပင်ပန်းတာနဲ့​ယောက္ခမ​တွေပြုစုရတာစိတ်ရှုပ်တာပဲ
သူ​ဖောက်ပြန်ပါ​စေ​တောင် ဆု​တောင်းမိတဲ့အထိ ကျွန် သူ့ကိုမချစ်ခဲ့ဘူး။ ကျွန်မက အတ္တသမားပဲ​နော် ကွာ​တော့ရှင်းချင်တယ် ကိုယ့်အပြစ်​တော့အဖြစ်မခံနိုင်ဘူး ​နောက်ဆုံးမှာ သူ့ဆီက ရခဲ့တာ မမြင်ခဲ့ဘဲ မရ​သေးတာပဲမြင်မိတဲ့ကျွန်မကို သူစိတ်ကုန်သွားတာပဲ...
ဒါ​ကြောင့်အကြံ​ပေးပါရ​စေ ရှင်တစ်​ယောက်​ယောက်ကိုချစ်မိရင် သူ့ဆီက အရာရာမယူမိပါ​စေနဲ့...ကျွန်မလို​ပေါ့...
​ကျေးဇူးပါ ​ရှေ့​နေကြီး ကျွန်မ ​ပြောသမျှနား​ထောင်​ပေးလို့..."

 Being His Man OR Cupid Lady(Fujoshi)Completed💚Where stories live. Discover now