1

8.2K 289 11
                                    

အုံ့မှိုင်းမှိုင်းကောင်းကင်က ပြိုကျတော့မယ့်တိမ်စိုင်များကို လက်ယက်ခေါ်နေသလိုပင်။ တိုက်ခတ်လာသော လေပြေတို့သည်လည်း မိုးနံ့ကို ခံစားရရှိစေသည်။ မိုးဦးကာလသို့ စတင်ဝင်ရောက်လာပြီဖြစ်သဖြင့်မနက်ခင်း စောစော၌ မိုးနံ့လေးများသင်းပျံနေလျင် အိပ်ရာထက်၌ မထပဲ ကွေးနေချင်သည်မှာ ပုံမှန်ပဲဖြစ်သည်။
သို့သော် ထိုမနက်ခင်းမျိုးတွင် တခြားသူများနှင့် ဆန့်ကျင်လျက်ရှိသော အတွေးနှင့်ကောင်လေးတစ်ဦး

တီ တီ တီ
Alarm မြည်လာသည်နှင့် လက်က နာရီပေါ်သိ​ု့ ရောက်နှင့်ပြီးသား အချိန်အားဖြင့် မနက် 4:45

မှိတ်ထားသောမျက်လုံးအစုံတို့ကို ဖွင့်၍ အခန်းတံခါးမှန်ကို ကျော်ကြည့်လိုက်သောအခါ သူလိုချင်တဲ့ ရာသီဥတု အခြေအနေက ကြိုဆိုလျက်သား

မနေ့ညက မိုး​လေဝသရဲ့ရာသီဥတု ကြိုတင်ခန့်မှန်းချက်အရ ဒီနေ့မှစပြီး တစ်ပတ်လောက်က မိုးရွာသွန်းနိုင်ခြေများတယ်လို့ ကြော်ငြာထားပြီးသားဖြစ်သည်

Alarm အားပိတ်ပြီးသည်နှင့် မျက်နှာသစ်ရန် အခန်းထဲသို့ ထွက်ခဲ့လိုက်သည်
ထို့နောက် အားကစားဝတ်စုံ ဝတ်ဆင်ပြီးနောက် RJ ကုမ္ပဏီ၏ အသစ်ကြေငြာမယ့် Product ဖြစ်တဲ့ မိုးကာအတိုအားဝတ်ဆင်ပြီး အခန်းမှ ထွက်ခဲ့သည်

ထိုလူကား RJ Fashion Company ၏ ဥက္ကဋ္ဌ
Kim Seok Jin

အိမ်တွင် သူတစ်ယောက်ထဲနေထိုင်ရာဖြစ်ပြီး အိမ်သန့်ရှင်းရေးအတွက် အဒေါ်ကြီးမှာ တစ်ပတ်တစ်ရက်မှသာလျင် လာရောက်လေ့ရှိသည်

မိုးကာဝတ်ဆင်ပြီး အိမ်မှထွက်လာသည်နှင့် မိုးသည် အတော်အတန်ပင် စရွာလာခဲ့သည်။ ပုံမှန်ဆိုလျင် မနက်ခင်း အားကစားလုပ်သူများနှင့် ပြည့်နေမည် ဖြစ်သော လမ်းတစ်လျောက်တွင်လည်း မိုးရွာနေသောကြောင့် လူပင်မရှိ သူတစ်ယောက်ထဲသာ
အိမ်မှစ၍ ပြေးနေကျအတိုင်း ပြေးလာခဲ့ရာ ဟန်မြစ်ဘေးသို့ပင်ရောက်ခဲ့လေပြီ မိုးသာမရွာခဲ့လျင် ပြေးနေကျဖြစ်သော သူ့အဖို့ ပင်ပန်းမည်မဟုတ်သော်လည်း မိုးက သည်းထန်စွာရွာလာပြီဖြစ်သောကြောင့် အတော်ပင် ပင်ပန်းနေပြီဖြစ်သည်။
သို့သော်လည်း မတတ်နိုင် မိမိ၏အကျင့်အရ ကိုယ့် product ကို public သို့မထုတ်ဝေခင် ကြော်ငြာချက်တွေအတိုင်း ဖြစ်မဖြစ်ကို ကိုယ့တိုင်စမ်းသပ်ချင်သေးသည်။ ချုပ်လုပ်ရေးပိုင်းမှ စိတ်ချရသည်ဟု အာမခံထားသော်လည်း ကိုယ်တိုင်မှ မစစ်ဆေးရလျင် စိတ်တိုင်းမကျ။ ထိုသို့သော စစ်ဆေးချက်များကြောင့်လည်း RJ product များသည် ပြစ်ချက်မရှိ ထုတ်လုပ်မှုတိုင်း အောင်မြင်နေသည်။ထို့ကြောင့်လည်း မိုးရွာနေသောနေ့အား မပျက်မကွက် မိုးကာဝတ်၍ပြေးနေခြင်းဖြစ်သည်။

Clouds (Complete)Where stories live. Discover now