29

1.6K 144 14
                                    

မနေ့က Koo ကို သွားရှာတော့ YG က အဖော်လိုက်ပေးတယ် အရင်ဆုံး Koo အိမ်ကိုသွားရှာတော့ အိမ်စောင့်ဦးလေးကြီးကလွဲရင် ဘယ်သူမှမရှိဘဲ တိတ်ဆိတ်နေတဲ့ Koo ရဲ့ အိမ်
Koo သူငယ်ချင်းတွေဆီမှာများ ရှိနိုင်မလားလို့ သိသမျှ သူငယ်ချင်းအိမ်တွေ သွားရှာမိတယ်
ဒါပေမယ့် ရလိုက်တဲ့ အဖြေက သူတို့နဲ့တောင် မတွေ့ဖြစ်တာ တစ်လကျော်ပြီတဲ့လေ
သူတို့ပြောတဲ့ တစ်လဆိုတာ ကျနော် ဆေးရုံပေါ့ရောက်နေတဲ့ တစ်လလေ
Koo ရယ် အနားမှာနေလက်စနဲ့ ဆက်နေပါ့လားကွာ
နောက်ဆုံး Tae ဆီကိုပါ ဆက်သွယ်မေးကြည့်တော့ JK ပျောက်နေမှန်း အခုမှ သိတာတဲ့လေ Tae က တကယ်ပြောတာလား ဒါမှမဟုတ် Koo ကပဲ အဲ့လိုပြောခိုင်းထားတာလား
မသေချာတာမို့ ကိုယ်တိုင် လိုက်သွားကြည့်ချင်တယ် ဒါပေမယ့်လည်း မလိုက်သွားရအောင်လို့ YG နဲ့ NJ နဲ့က အသည်းအသန်တားနေတယ်လေ
ကို့စိတ်နဲ့ ကိုသာဆို ချက်ချင်းတောင် လိုက်ပြီးသွားရှာချင်တာ
Nj က ကျနော့ကိုကြည့်ပြီး စိတ်မကောင်းဖြစ်သွားလားမသိ သူပဲ Tae ရှိတဲ့ US ကို ဒီတစ်ပတ်ပိတ်ရက်ကို သွားရှာပေးပါ့မယ်တဲ့

ဒါနဲ့လေ NJ ဆိုတဲ့ တစ်ယောက်က ကျနော့တို့ ကျောင်းတတ်ကတည်းက သူငယ်ချင်းတဲ့ ကျနော်ကသာ မသိတာ သူက သိတယ်ပြောတယိ YG နဲ့ လည်း တော်တော် ခင်တဲ့ပုံပဲ အခုလည်းကျနော့ရဲ့ Koo ရှာပုံတော်မှာ သူလည်း ဝိုင်းရှာပေးတယ်လေ
အခုဆိုရင် သူငယ်ချင်းဆိုတာ Yg အပြငိ Nj ပါရှိလာပြီ အချစ်ဆုံး ချစ်ရသူ Koo ရောပေါ့ လက်တလောတော့ ပျောက်နေတာပေါ့နော်

မနေ့က လိုက်ရှာသမျှ နေရာတွေ အကုန်လုံးက တကယ်တော့ YG နဲ့ NJ တို့ ရှာပြီးသားနေရာတွေချည်းပဲ ပြောမရဘူးလေ ကျနော်ရှာတော့မှ တွေ့ချင်တွေ့နိုင်တာမို​့

ဒီနေ့လည်း Koo ကို ရှာပုံတော် ဖွင့်ရပေဦးမည်
Koo ကို ဒီနေ့မှ မဟုတ်ဘူး နောက်နေ့တွေမှာ ကျနော်ရှင်သန်နေတိုင်း ရှာနေမှာ မတွေ့မချင်းရှာနေမှာ ပြီးတော့ သူတွေးနေသလို ကျနော် မုန်းမှာမဟုတ်ပဲ သူ့ကို ချစ်တာကြောင့်ဆိုတာ သူ့ကို သိစေချင်တယ်

Jin - Yg yah... သွားရအောင်

Yg - ဟင် ဘယ်ကိုလဲ

Jin - ဟာ Koo ဆီကိုလေ

Clouds (Complete)Where stories live. Discover now