22

1.4K 129 7
                                    

မနက် နေမထွက်ခင်ကတည်းက နိုးနေခဲ့တဲ့ Jin စာအိတ်ကိစ္စကို စုံစမ်းဖို့ သိချင်စိတ်တွေကြောင့် အိပ်မပျော်ပဲ အစောကြီးနိုးနေခဲ့တာ
ပြင်ဆင်ပြီး ဆင်းလာတော့ ဧည့်ခန်းထဲ အိပ်ပျော်နေတဲ့ YG
မနှိူးပဲ ထားချင်ပါသော့လည်း မဖြစ် သူနဲ့ အတူ သွားမှ ဖြစ်မည်လေ

Jin - YG yah ထတော့ သွားဖို့ လုပ်ရအောင်လေ

Yg - omm Jin အစောကြီးမလား

Jin - သွားရအောင်ပါနော်.. နော်လို့

Yg - အင်းပါ ခဏစောင့်နော် ပြင်ဆင်ပြီးသွားမယ်

................................

Jin နဲ့ YG ရဲ့တစ်နေ့တာက စာအိတ်လာပို့တဲ့သူဖို့ အတွက် CCTV လိုက်ကြည့်ရတယ် လာပို့တဲ့သူကို သေချာမမြင်ရ Mask ရော ဦထုပ်ရော ဆောင်းထားတာကြောင့် ဘယ်သူ့ဆီက မှနိးမသိရ

မိဘတွေရဲ့ သေမှုကို ကိုင်ခဲ့တဲ့ စခန်းကို လိုက်သွားတော့ ထိုအမှုစစ်က အပြောင်းပါသွားတယ်ဆိုတဲ့ သတင်းသာ ရရှိခဲ့တယ်
အမှုက သာမန်အမှုလိုမျိုး ပိတ်ပြီးသားဖြစ်တာကြောင့် ထို အမှူစစ်နဲ့ တွေ့ဖို့ သာ လိုအပ်နေသည်

Jin - Yg ငါတို့ အဲ့လူနောက် လိုက်သွားရအောင်နော်

Yg - အင်းနောက်နေ့ ငါ လူလွတ်ပေးမယ်လေ

Jin - Yg ကလည်း ဒီနေ့ပဲ သွားရအောင်ပါ
ကိုယ်တိုင် သွားချင်တယ်

Yg - ခရီးကဝေးတယ် ပြီးတော့နယ်ဘက်ကြီး Jin အခု သွားရင်တောင် မိုးချုပ်မှရောက်မှာ

Jin - ဘာဖြစ်လဲ သွားပါရစေနော်

Yg - မင်း ပင်ပန်းမယ် Jin

Jin - လူလွတ်မယ်ဆိုရင်တောင် မယုံကြည်ရမှာဆိုးတယ် စာထဲမှာလည်း ပြောထားတယ်မလား ငါ့ဘေးက လူတဲ့ ဒါ့ကြောင့်
Yg မင်းအပြင် ငါဘယ်သူမှမယုံချင်ဘူး
မင်းနဲ့ ငါပဲ သွားရအောင်နော်

Yg - မနက်ဖြန် မနက်ဖြန် ငါနဲ် အတူတူသွားမယ်ဟုတ်ပြီလား ဒီနေ့တော့ပင်ပန်းနေပြီမလား ပြန်ကြမယ်

Jin - ငါ အမေတို့ဆီ သွားချင်တယ် လိုက်ပို့ပါလား

Yg - အင်းပါ တက်လေ ကားပေါ်

ဒီနေ့ တစ်နေကုန်က Jinအတွက် လျောက်သွားနေရတာနဲ့တင် အချိန်တွေကုန်နေခဲ့တာ social media နဲ့လည်း တစ်ရက်တာ အဆက်ပြတ်နေသည်
ဖုန်းကိုလည်း Silent ပေးထါးမိတော့ Jk ph call တွေကို လည်းမသိ နောက်တော့ အားကုန်ပြီး စက်ပိတ်သွားတဲ့ Ph လေး
Jin စိတ်ထဲမှာ အခုကိစ္စအပြင် ဘယ်သူမှ မရှိနေ ဒါ့ကြောင့်လည်း ချစ်ရပါသော Jk ကိုပင် မေ့နေမိတာ
အမှုကိစ္စကို ဆက်လိုက်ဖို့က ဒီနေ့အတွက်တော့ ဒီလောက်ပဲဆိုတော့ မိဘတွေ ရှိတဲ့ဆီကို သွားတွေ့ချင်သေးတယ်
Yg ကို လည်း အားနာတယ် အခုကိစ္စက jin မိဘတွေတင်မဟုတ် Yg အဖေ ပါ ပါနေတာကို Yg လည်း ဘယ်လောက် ခံစားနေရမလဲ ဒါတောင် သူ့ရှေ့မှာ ဘာမှ မဖြစ်သလို ရပ်တည်ပြနေတာကြောင့် အားနာနေမိတယ်
Yg လိုမျိုး ခံစားချက်ကို မြိုသိပ်နိုင်တဲ့သူ ဖြစ်ချင်တယ် ဒါမှမဟုတ် Yg ရှေ့မို့လို့ပဲ သူရဲ့ အခုလို ပုံစံကို ပြမိတာလား

Clouds (Complete)Where stories live. Discover now