18

1.6K 140 9
                                    

အနက်ရောင်ကားလေးတစ်စီးက လမ်းမထက်မှာ အရှိန်လေးနဲ့ ပြေးလွားလျက် ကားထဲမှာလည်း
အပြုံးလေးတွေနဲ့ ကောင်လေးနှစ်ယောက်
ချစ်ဖို့ကောင်းတဲ့ ကောင်လေးကားမောင်းနေတာကို Manly ဆန်တဲ့ ကောင်လေးက မျက်တောင်မခတ် ထိုင်ကြည့်ရင်းလိုက်လာတာ seoul မှ busan သို့

Jk - Hyung ပင်ပန်းရောပေါ့ ကျနော်မောင်းမယ်လေနော်
Jin - မရပါဘူး Koo. Hyung ပဲမောင်းမှာ
Jk - hyung ကလည်း ပေးမောင်းထားတာပဲလေ တော်ရောပေါ့
Jin - အရင်ကဆို ကို့ဘာသာမောင်းတာလေ Koo နဲ့တွေ့မှ Hyung လည်း ကားမမောင်းရတာကြာပြီလေ အဲ့တာကြောင့်ပေးမောင်းပါဦးနော်

နှုတ်ခမ်းလေးထော်ပြီး မျက်ဝန်းလေးက ပေကလပ်ပေကလပ် လုပ်နေတဲ့ Hyung ကြောင့် ဆက်မပြောပဲ အလိုလိုက်မိပြန်သည်

Hyung နဲ့ အတူတူ ခရီးထွက်ချင်တယ်ပြောတော့
Busan သွားမယ်ဆိုတဲ့ Hyung ကြောင့် နားရက်ယူပြီး ထွက်လာတာ
စထွက်ကတည်းက ဘာစိတ်ကူးပေါက်လဲမသိ အထုတ်တွေ ကျနော်တင်နေတုန်း driver seat မှာ အသင့်ထိုင်နေတဲ့ လူကြီးပေါက်စလေး
ဖယ်ခိုင်းတော့ ခဏပဲမောင်းမှာပါဆိုပြီး ပူဆာနေလိ​ု့ ခွင့်ပြုထားတာ
ပြီးတော့ ရှိသေးတယ် ကျနော်က လွတ်လွတ်လပ်လပ် hoodie လေးနဲ့ သူကတော့ ရှပ်လက်ရှည်ကိုမှ လက်ကခေါက်ထားသေးတယ်
သူ့အလုပ်မှာ သူက လူကြီးဖြစ်တာကြောင့် အဲ့လိုတွေ ဝတ်စားထားရင် ကိစ္စမရှိပေမယ့်
ကျနော်နဲ့ ဆိုရင်သူက အသက်ပဲကြီးတဲ့ ကလေးကြီးလေ အခုလို daddy type ဝတ်ထားတော့ ကျနော် ကြည့်မရ
အဲ့တာကြောင့် ပေးမောင်းမယ် အဝတ်အစားပြန်လဲဆိုပြီး ချော့ပြောရသေးတယ် စူစူပုတ်ပုတ်နဲ့ သွားလဲပေးတဲ့ Hyung
ပြီးတော့ရှိ​သေးတယ် Hyung က ကားမောင်းရင် အရမ်းကြည့်ကောင်းတာ အဲ့တာကြောင့် ပေးမမောင်းချင်တာလည်းပါတာပေါ့

အခုလို ခရီးထွက်မယ်ဆိုတော့ NJ hyung က တော်တော် အလိုက်သိရှာတာ အေးဆေး ခွင့်ပေးတယ် အဖေ့ကိုတော့ သူပဲ ကြည့်ပြောပေးပါ့မယ့တဲ့ တကယ်တော့ NJ hyung ကိုပါပြောပြလိုက်တာ ကျနော်နဲ့ Jin hyung အကြောင်း
တကယ်ပါ ကျနော့က တစ်ဦးတည်းသော သားဖြစ်နေပေမယ့် အကိုတစ်ယောက်ကို ရလိုက်သလိုပဲ ရုံးဆင်းချိန် Hyung ဆီသွားမယ်ဆိုတဲ့နေတွေဆိုရင် ရုံးစောစော ပြန်ခိုင်းတယ် jin
Hyung စောင့်နေမှာဆိုးလို့တဲ့

Clouds (Complete)Dove le storie prendono vita. Scoprilo ora