2

3K 244 6
                                    

JK တစ်ယောက် ထိုင်ကြည့်နေခဲ့ရာ ထိုလူသားလေးမှာ လမ်းလျောက်ခြင်းမပြုတော့ပဲ ထိုင်သွားခဲ့သည်
သူကြည့်နေသည့်မြင်ကွင်းထဲမှာပင် ထိုကောင်လေးရှိနေခဲ့သည် မျက်နှာအားမြင်ချင်သော်လည်း ကျောပေးလျက် အနေအထားအပြင် မိုးကာဝတ်ထားသောကြောင့် မြင်တွေ့ရန် ခက်ခဲနေသည်
မိုးကာလွတ်နေသော အောက်ပိုင်းတို့သည်ကား ဖြူစွတ်ချင်းတို့ ကြီးစိုးလျက်

Jk ထိုင့ကြည့်နေကာမှ တစ်ချက် အိပ်ငိုက်သွားခဲ့ရာ နိုးလာချိန်တွင် မိုးပင်နည်း၍ တိတ်တော့မည့်အသွင်
နာရီကြည့်တော့ 8:30

*ဟိုတစ်ယောက်ပြန်သွားပြီလား ထိုင်နေတဲ့နေရာမှာမတွေ့ပါလား *

ကားထဲမှနေ၍ ဟိုကြည့်ဒီကြည့်ရှာနေမိတော့ တွေ့ပါပြီ ယိုင်တိုင်တိုင်နဲ့ကောင်လေး

*အခုမှ ပြန်တာလား တော်တော်ကြာနေပြီကို လမ်းလျောက်နေတဲ့ပုံက အားရချင်စရာမရှိဘူး
အဆင်မှပြေရဲ့လား
ဟာ ငါဘာတွေ စဥ်းစားပေးနေတာလဲ သိလည်ူ မသိ မြင်တောင်မမြင်ရတဲ့သူကို *

Jk တစ်ယောက် ခေါင်းကုတ်ရင်း ကားပေါ်၌ ဆက်ထိုင်နေမိသည်

Euphoria ~~

Ringtone တောင် အစပျိုးတုန်းရှိသေးသည့်ဖုန်းကို ကိုင်လိုက်ကာ

JK -Hello အဖေ

-------

Jk -ပြန်လာပြီ စိတ်ချပါ ဘယ်မှမသွားဘူး

------

Jk-ကျွန်တော်သိပါတယ်အဖေ အရမ်းကြီး မတင်းကျပ်ပါနဲ့လား အဖေ့အလုပ်တွေကို လက်ခံပေးမှာပါ

--------

Jk- ဒါပဲ အဖေ

ဟင်းးးးးးးးးး
Jk တစ်ယောက် သက်ပြင်း အရှည်ကြီး ချလိုက်သည်
လွတ်လပ်မှု ဆုံးရှုံးရသလိုဖြစ်ပေမယ့် အဖေ့ကိုလည်း အပြစ်မြင်လိုမရ အဖေ့အလုပ်တွေကို လုပ​ပေးမယ့်သူက ကိုယ်တစ်ယောက်ပဲရှိသည်မဟုတ်လား မတတ်နိုင်တော့ပေ မလုပ်ချင်လည်း လုပ်ရမှာပဲ
အမေမရှိတော့ကတည်းက ကိုလိုချင်သမျှကို လိုက်လျောပြီး ထားပေးတဲ့ အဖေဆိုတော့လည်း အတိုက်အခံလုပ်ပြီး မငြင်းချင်တော့
ကိုယ်သဘောကျတဲ့ ပန်းချီဆွဲခြင်းကိုတော့ တတ်နိုင်သလောက် ခွလုပ်မည်ဟုပဲ စိတ်ဆုံးဖြတ်လိုက်သည်။

Clouds (Complete)Hikayelerin yaşadığı yer. Şimdi keşfedin