5

2.4K 203 11
                                    

အိမ်ကိုတန်းတန်းမတ်မတ် ပြန်လာဖို့ မှာကြားထားသော အဖေ့စကားကို နားထောင်ကာ JK အိမ်သို့ ဦးတည်ကာ ပြန်လာခဲ့သည်

ခြံဝင်းထဲသို့ကားဝင်လိုက်သည်နှ​င့် အဖေ့ကားအပြင် ထပ်တွေ့လိုက်ရသော နောက်ကားတစ်စီး

*ဧည့်သည်ရောက်နေတာများလား *

အိမ်ရှေ့ ဧည့်ခန်းတွင် ကိုယ့်ကို ကျောပေးပြီးထိုင်နေသော ကျောပြင်
အဖေပြောသမျှကို ခေါင်းတငြိမ့်ငြိမ့်နှင့် နားထောင်နေပုံ တချက်ချက် ထွက်လာတဲ့အသံက ဆွဲဆောင်မှုရှိပြီး သြရှရှ အသံလေးနှင့်

Mr.jeon - Jk သား ပြန်လာပြီလား

အဖေ့အမေးကို ခေါင်းတချက် ငြိမ့်ရုံသာဖြေလိုက်သည်
ထိုအခါလှည့်လာသော ထိုလူ အပြုံးလေးက Boxy smile နဲ့ ဟင် သူက သူက Tae Tae

Jk - မင်း Tae Tae မလား

Tae - ဟာ ငါ့ကောင်ကြီး တော်သေးတာပေါ့ ငါ့မှတ်မိသေးလို့

Jk - မင်းကလည်း မှတ်မိတာပေါ့ ငါ့ဒီငယ်သူငယ်ချင်းကြီးကို

Tae နဲ့ JK သည် ငယ်စဥ်ကတည်းကပင် ရင်းနှီးခဲ့သော သူငယ်ချင်းများ JK US ကို မသွားခင်ထိ အဆက်အသွယ် မပြတ်ပေ

Tae - မင်းလည်း နေနိုင်တယ်နော် ငါ့ကို အဆက်အသွယ်တောင် မလုပ်ဘူး
ကြည့်ပါဦး ပြောင်းလဲသွားလိုက်တာ လုံးဝကို handsome type ပါလား

JK - မင်းရော ဘာထူးလဲ ငါ့ကို ပစ်ထားပြီးတော့

သူငယ်ချင်းနှစ်ယောက် စကားရည်လုကာ ပြောနေပေမယ့် ဝမ်းသာမှုတို့က မျက်ဝန်းတွင် တွေ့နေရသည်။

Mr.Jeon - Tae လေးက ဘယ်လောက်တောင်တော်လိုက်လဲ အခုဆို သူ့အဖေ အလုပ်တွေကိာတောင် လက်လွဲယူနေပြီ

Tae - အဲ့လိုမဟုတ်ပါဘူး ဦးရယ် ကျနော်ကလည်း ဝါသနာပါတာကြောင့်ပါ

Jk - အမလေး အဲ့မှာ အတိုင်ဖောက်ညီနေလိုက်ကြ

Mr.Jeon - မင်းကမှ စိတ်မဝင်စားတာ စိတ်ဝင်စားတဲ့သူနဲ့ပြောရမှာပဲလေ မင်းလည်း ငါ့အလုပ်တွေကို လှည့်ကြည့်ဖို့ပြင်

Jk - တော်ပြီ မလုပ်ချင်တော့ဘူး

Jk ဆိုသည်မှာ ပြန်လာတဲ့လမ်းတစ်လျောက် အဖေ့ အလုပ်ကို စိတ်ပါဝင်စား လုပ်ပေးမည်ဟုတွေးခဲ့သော်လည်း အိမ်ရောက်တော့ အခုလို အတင်းထပ်ပြောခံရချိန်တွင် စိတ်တို့ကား ပြောင်းလဲပြန်သည် ( ကိုယ်တွေလိုပဲ လုပ်လို့ပြောရင် မလုပ်ချင်တော့ဘူး)

Clouds (Complete)Where stories live. Discover now