24

1.5K 142 1
                                    

နောက်တစ်နေ့ မနက်

ဒီနေ့လည်း Jk စောစောစီးစီး Jin အိမ်ရှေ့ရောက်နေခဲ့တယ် Bell တီးဖို့လည်း စိုးရွံ့နေသလို ချောင်းပေါက့မတတ်ဝင်နေကျ
အိမ်ထဲလည်း မဝင်ရဲ ခြံရှေ့တွင်သာ ခေါက်တုံ့ ​ခေါက်ပြန်လျောက်လျက်
တော်တော်ကြာတော့ အိမ်တံခါးဖွင့်သံနှင့်အတူ အိမ်ထဲက ထွက်လာတဲ့ Jin Hyung နဲ့ YG
အတူတူ ထွက်လာတာကို စိတ်ဘဝင်မကျပေမယ့်လည်း လက်ရှိ ကိုယ့် အခြေအနေက Jin Hyung စိတ်ပြေအောင် ရှင်းရမည့်သူလေ

Jk - Hyung ကိုယ်ပြောစရာရှိတယ်

Jin - ဘာပြောမှာလဲ Jk

Jk - Hyung ရယ်....... ကိုယ်နဲ့ Tae က မနေ့က Hyung ထင်သလိုမဟုတ်ပါဘူး

Jin - ဒါပဲမလား ငါသွားစရာရှိသေးလို့ နောက်မှပြော

Jk - မဟုတ်ဘူးလေ Hyung ကိုပြောတာ ခဏလေး အချိန်ပေးနါးထောင်ပေးပါနော်

Jin - ငါ အဲ့လောက် အားမနေဘူး နောက်မှပြောတော့ Yg သွားမယ်

Jk- Hyung...  hyung.....

တဆာဆာ အော်ခေါ်နေပေမယ့် ရပ်မသွားတဲ့ ခြေလှမ်းနဲ့အတူ မောင်းထွက်သွားတဲ့ ကားလေး
မျက်နှာလေးတွေကိုတောင် တစ်ယောက်နဲ့ တစ်ယောက် မကြည့်ဖြစ်ကြ မျက်နှာလွဲထားတဲ့ Jin ရယ် ခေါင်းငုံ့မတတ်တောင်းပန်နေတဲ့ Jk ရယ်
စိတ်ဆိုးနေတယ်ဆိုပေမယ့် Jk ကို ကြည့်ပြီး ပြုံးဖြစ်သွားသေးတဲ့ jin မျက်နှာလေးကို Jk သာ မော့ကြည့်ဖြစ်ရင် တွေ့နိုင်မှာပါ အခုတော့ တွေ့လိုက်တာက Yg တစ်ဦးတည်းသာ

.............................................

ဖြေရှင်းချက်ကို လက်မခံတဲ့ Hyung ကြောင့် ဒီနေ့တစ်ရက်တာက Jk အတွက် မှောင်မိုက်နေသလိုပင်
Comapny ကို မသွားပဲ jin တို့ ကားနောက် လိုက်ချင်ပါသော့လည်း Jin နောကိ လိုက်မှန်း အဖေသာသိရင် Jin ကို ဒုက္ခတွေ့မည်ဆိုးသောကြောင့် ​ခြေလှမ်းတို့ဟာ Company သို့ ဦးတည်ခဲ့ရသည်

Nj - Jk အဆင်ပြေလား Jin ရော ဘာတဲ့လဲ

အခန်းထဲ ရောက်ရောက်ချင်း ပြာပြာသလဲမေးလာတဲ့ Nj hyung ထူးဆန်းတယ်လို့လည်းဒီအချိန် မတွေးနိုင်တော့

Jk - ကျနော့်ကို Tae နဲ့ပါ အထင်လွဲသွားတယ်ဗျာ

Nj- ဟေ.....

Clouds (Complete)Where stories live. Discover now