23

1.5K 132 2
                                    

Jk - ဟင် Hyung........

တစ်နေ့လုံးစောင့်နေရတဲ့ Hyung မျက်နှာလည်းမကောင်း စိုးရိမ်တကြီးနဲ့ အနားကို ပြေးသွားမိကာ

Jk - Hyung ကိုယ် စိတ်ပူနေတာ

ဖက်ဖို့ လှမ်းလိုက်တဲ့ လက်တွေက လေထဲမှာရပ်တန့်လျက်

Jin - ဖယ် မင်းလက်တွေ ဖယ် ငါ့ကို မထိနဲ့

Jk - hyung ဘယ်လိုပြောနေတာလဲ
ကိုယ့်ကို Koo လို့ မခေါ်ဘူးလား

Jin - အဟက် Koo လို့ ခေါ်ခံချင်သေးတယ်ဆိုရင် Taehyung နဲ့ နမ်းနေတာက ဘာလဲ..

Jk - မဟုတ်ဘူး hyung မဟု​တ်ဘူး ကိုယ်ပြောပြမယ်

Jin - တော်  မပြောနဲ့ ငါဘာဆင်​ခြေမှ မကြားချင်ဘူး ငါကိုယ်တိုင် မြင်လိုက်ရတာ​ကို.......

Jk - အထင်လွဲနေတာပါ Hyung ရယ်

Jin - မင်းလည်း မယုံကြည်ရဘူးပဲ သွားတော့.. သွားလိုက့တော့

Jk - Hyung........

တစ်ယောက်ကိုမှ လှည့်မကြည့်ဘဲ ထွ​က်သွားတဲ့ Hyung
ဒီနေ့က ကျနော့အတွက် ဂြိုလ်ဆိုးဝင်တဲ့နေ့ပဲ

ဖြေရှင်းချက်လေးတောင် မပေးလိုက်ရပဲ ဒေါသတကြီး ဖြစ်သွားတဲ့ Hyung ကြောင့် ရပ်နေခဲ့တဲ့နေရာမှာတင် အရုပ်ကြိုးပျက်သကဲ့သို့ပင်

Tae.- Jk ငါဝိုင်းရှင်းပေးပါ့မယ်ကွာ ချက်ချင်းဆိုတော့ သူလည်း ဒေါသထွက်သွားတာနေမှာပါ

အိမ်ထဲပြေးဝင်သွားတဲ့ Jin နောက်ကို လိုက်ဖို့ လုပ်နေတဲ့ Yg လည်း မဝင်ခင်

Yg - Jk မင်းတို့ တကယ်ပဲ နမ်းလား မနမ်းလား ငါမသိပေမယ့် jin စိတ်ရှုပ်နေတာကြောင့် အချိန်ပေးလိုက်ပါ

ဒေါသထွက်နေတဲ့ မျက်ဝန်းတို့နဲ့ YG hyung လည်း ပြောချင်တာပြောပြီး ဝင်သွားပြန်ပြီ
ကျနော့တို့ နမ်းနေတာ မဟုတ်ဘူးဆိုတာကို ကျနော်နဲ့ Tae က လဲွဲပြီး ဘယ်သူမှ မသိကြတော့ဘူးလား
ကျနော့အဖြစ်က Jeon gp က ဆိုတာကိုရှင်းရမယ့် အပြင် Tae ကိစ္စကိုပါ ရှင်းရဦးပေမယ်

တကယ်တော့ Jin Hyung ကို ရှာဖို့အတွက် ကျနော် Tae ကို ဖုန်းဆက်ခေါ်မိတယ်
Tae ရောက်လာတော့ အကြောင်းစုံ ပြောပြပြီး ကျနော် Tae ရှေ့မှာ ငိုနေမိတယ်
အစက ကားထဲမှာ ငိုနေမိပေမယ့် အငိုရပ်သွားတော့ Tae က စိတ်ကြည်သွားအောင်
ကားအပြင်ထွက် ရပ်ကြမယ်ဆိုလို့ ကျတော်တိ​ု့ ရပ်နေခဲ့တာ
jin hyung က တစ်ချိန်မဟုတ် တစ်ချိန်တော့ အိမ်ပြန်လာမှာပဲဆိုပြီးတော့ စောင့်နေခဲ့တာ
ကျနော့တို့ရပ်နေတုန်း လေနဲ့အတူပါလာတဲ့ သစ်ရွက်လေးက ကျနော့်ခေါင်းပေါ်ရောက်နေလို့ Tae ဖယ်ပေးခဲ့တာ ဖြစ်ချင်တော့
ကျနော် Necktie ကလစ်လေးနဲ့ Tae အကျီက ကြိုးနဲ့ ငြိသွားခဲ့လို့ ဖြေနေခဲ့ကြတာ
ကျနော်တို့ ဖြေနေတဲ့ပုံစံက ဘေးလူအမြင်မှာတော့ Hyung ထင်သလို ထင်နိုင်ပေမယ့် အနီးကပ် လူတစ်ယောက်သာ ရှိခဲ့မယ်ဆိုရင် ကျနော်တို့ ငြိနေတာကို ဖြေနေတာ တွေ့ရမှာပါ

Clouds (Complete)Where stories live. Discover now