17

1.5K 147 5
                                    

အခုတလော ကျနော့်ရဲ့ ကလေးကြီး နေမကောင်း ခဏခဏဖြစ်နေတယ်
Hyung ကတော့ ဘာမှမဖြစ်ဘူးဆိုပြီးပြောနေပေမယ့် YG ဆီက သိရတာကတော့ Hyung ရဲ့နှလုံးရောဂါဖြစ်ချင့တဲ့ လက္ခဏာတွေ ပြပြနေတာတဲ့

ဒီနေ့လည်း နိုးနိုးချင်းဖုန်းဆက်တော့ Hyung အသံသိပ်မလန်းတာကြောင့် ကျနော် Hyung အိမ်ကို လိုက်သွားခဲ့သေးသည်

ဟုတ်တယ်ကျနော် Hyungရဲ့အိမ်ကို ဝင်ခွင့်ရသွားပြီလေ ဝင်ခွင့်ရကတည်းက သွားလိုက်တာဆိုတာ ကျနော်အိမ်လား Hyung အိမ်လားမသဲကွဲတော့ဘူး

ကျနော်pw နှိပ်ပြီးအိမ်ထဲဝင်သွားတော့ Hyung မထသေးတဲ့ပုံ ဒါ့ကြောင့် အခန်းထဲထိ ဝင်လိုက့တော့ စောင်ပုံကြားထဲမှာ လှဲအိပ်နေတဲ့ကျနော့ကလေးကြီး
မျက်နှာလေးတောင်ချောင်ချသွားတယ် ဖြူဖျော့ဖျော့လေးဖြစ်နေတာကြောင့် ကျ​နော် စိတ်မကောင်း ကုတင်ပေါ် တတ်ကာဘေးတစ်စောင်းထိုင်ပြီး

Jk - Hyung နေလို့မကောင်းဘူးလား
မေးလည်းမေး လက်လေးကလည်း နှဖူးလေးကိုစမ်းလိုက်တော့ ပူချစ်နေတာပဲ
ကျနော်လက်လေးဖယ်လိုက့တော့ မျက်လုံးလေးကို အားယူဖွင့်နေတဲ့ပုံနဲ့ Hyung က

Jin - Koo ဘယ်လိုရောက်လာတာလဲ
တကယ်ကို တိုးတိုးလေးပါပဲထွက်လာတဲ့ အသံလေးက

Jk - Hyung ရယ် ဒီလောက်နေမကောင်းဖြသ်နေတာ koo ကို ဘာလို့မပြောတာလဲ

Jin - koo ပင်ပန်းမှာဆိုးလို့ပါ

Jk - တော်ပြီ ဘာမှမပြောနဲ့တော့

ကျနော်ပြောပြီးပြီးချင်း ရေပတ်တိုက်ဖို့ထပြင်ဆင်ပြီး ကျနော်ပြန်ရောက်တော့ Hyung က ပြန်အိပ်ပျော်နေတယ်

ကျနော် Hyung ကို ရေပတ်တိုက်ပေးနေတုန်း ခြံရှေ့မှာ ကားသံကြားလိုက်တယ် ပြီးတော့ အိမ်ထဲကို အလောတကြီး ဝင်လာသံနဲ့ ကြည့်လိုက်တော့
YG hyung

Yg - Jin လေး ဘာဖြစ်လို့လဲ နေမကောင်းဖြး်နေတာလား

မျက်နှာပျက်ကာ စိုးရိမ်နေတဲ့ မျက်ဝန်းနဲ့ အလောသုံးဆယ်ပြေးလာလို့နဲ့တူတယ် ချွေးစို့နေတဲ့ YG ကမေးလာတော့

Jk - ဟုတ်တယ် Hyung အသံမကောင်းလို့ဘလာကြည့်တော​့ ကိုယ်တွေပူနေလို့ ရေပတ်တိုက်ပေးနေတာ စောစောကပဲ ပြန်အိပ်ပျော်သွားတာ

Clouds (Complete)Where stories live. Discover now