8

2K 166 0
                                    

အချိန်တွေက ကုန်တာမြန်တယ် ချစ်ခြင်းတို့လွှမ်းမိုးနေတယ်ဆိုရင်ပေါ့.....

*************

Jin နဲ့ JK အပြန်အလှန် စကားတွေပြောရသ်း ခင်လာခဲ့တာ အချိန်တစ်ခုတောင် ကြာသွားခဲ့ပြီ
သူတို့နှစ်ယောက်ရဲ့ ခင်မင်နေခြင်းကို သူတို့နှသ်ယောက်အပြင် ဘယ်သူမှ မသိခဲ့ကြ
Jin ကလည်း Yg ကို မပြောပြဖြစ်ခဲ့သလို
Jk ကလည်း Tae ကို မပြောပြဖြစ်ခဲ့
တမင်တကာ ရည်ရွယ်ခြင်းမဟုတ်ခဲ့ပါ ကိုယ်တွေ ခင်မင်မှုကိ​ု အနှောက်အယှက် မဝင်လာစေချင်ခဲ့ဘူးဆိုတဲ့ စိတ်က နှစ်ဦးလုံးမှာ ရှိနေခဲ့လို့သာ

ဝင်လာတဲ့ ဖုန်းလေးကိုကြည့်ပြီး Jin ကောက်ကိုင်လိုက်တော့ contact name လေးက
*bunny smile*

Jin - hello jk
Jk - hyung ဘာလုပ်နေလဲ ဒီနေ့ တွေ့ကျမယ်နော်
အားတယ်မလား
Jin - အင်း အားတယ်လေ ပြီးတော့ Hyung မှတ်မိပါတယ် ဒီနေ့တွေ့ရမယ်ဆိုတာ
Jk - အင်းပါ အဲ့တာဆို ကျနော် လာခေါ်မယ်နော် အိမ်မှာပဲစောင့်နေလိုက်
Jin - ဟုတ်ပြီ

Jin နဲ့ Jk က တစ်လကို နှစ်ခါ သောကြာနေ့တိုင်းတွေ့ဖြစ်ကြတယ် တွေ့တိုင်းလည်း မုန့်စား စကားပြောပြီး ပြန်လာခဲ့ကြတာပဲ
တွေ့ပြီးပြန်လာတိုင်း နောက်ထပ်တွေ့ရမယ့်ရက်ကို စိတ်ကမသိပဲ မျော်နေမိတာ
Jk ဆိုရင် Calendar မှာတောင် မှတ်ထားသေးတယ် *Date with hyung J * ဆိုပြီးတော့လေ

Jk နဲ့တွေ့ရမယ့်ရက်ဆိုရင် Jin စိတ်ထဲ ကျိတ်ပျော်နေမိတယ် အဲ့နေ့တစ်ရက်လုံးက လန်းဆန်းတတ်ကြွလို့နေတယ်
အဲ့လို တတ်ကြွနေတဲ့ Jin ပုံရိပ်တွေဟာ အရင် ကျောင်းသားဘဝမှာတောငိ တစ်ခါတစ်လေမှ တွေ့ရခဲတာကြောင့် Yg အံ့သြရပေမယ့်လည်း Jin လေးရဲ့ အခုလိုပုံလေးကို မြင်နေရရင် ကျေနပ်မိတယ်
အကြောင်းအရင်းကိုလည်း မမေးမိပါ ဘာလို့လဲဆိုတော့ သူမေးလိုက်လို့ Jin လေးရဲ့ ပြုံးနေတဲ့ မျက်ဝန်းတွေ ပြန်တည်သွားမှာစိုးလို့လေ
Yg စိတ်မကောင်းတော့ ဖြစ်မိတယ် အခုလိ​ု ပုံလေးက YG ကြောင့် ဖြစ်တည်လာတာ မဟုတ်တာကြောင့်ပဲ

တစ်ဖက်မှာလည်း Namjoon ထံမှာ အလူပ်တွေ လေ့လာနေတဲ့ Jk လည်း Jin နှင့် သိပ်မကွာ တတ်ကြွလွန်းနေသည် Jk တတ်ကြွရသည်မှာလည်း မြန်မြန်ပြီးမှ ညနေ စောစောသွားခေါ်လို့ ရမည်မဟုတ်လား
ဒီလိုနေ့မျိုးဆိုရင် Namjoon တစ်ယောက်မျက်စိနောက်တဲ့နေ့ပေါ့
Jk မြန်မြန်လုပ်နေပေမယ့် အလုပ်တွေ လွဲမှာကိုတော့စိတ်မပူရ Namjoon ပြနိစစ်စရာမလိုအောင်ပင် သေသပ်စွာ လုပ်ကိုင်နိုင်သောကြောင့်ပင်

Clouds (Complete)Where stories live. Discover now