28

1.6K 140 15
                                    

ဘာလိုလိုနဲ့ တစ်လပြည့်သွားပြီ Hyung မျက်နှာလေးကို အမြတ်တနိုး ကြည့်နေမိတော့ ချောင်ကျသွားတဲ့ မျက်နှာလေး အရင်ဆိုသေ​သေသပ်သပ်ဆံသားလေးတွေကလည်း ကပိုကရို နဖူးပေါ်တွင်ဝဲကျလျက် နှုတ်ခမ်းလေးတွေက အရင်လို ရဲဖူးမနေပေမယ့် ဆွဲဆောင်မှုကအပြည့်
ငါ့ရဲ့ ကလေးကြီးက နေမကောင်းတာတောင် ချောနေတုန်းပဲ
လက်ကလေးတွေမှာတော့ အပ်ပေါက်ရာလေးတွေနဲ့ ဆေးရုံတတ်ကာစကဆို သွေးလေးတွေတောင်စို့တယ် အပ်ပေါက်​ေတွေက
လက်ချောင်းလေးတွေကို ယူကာ နှိပ်နယ်ပေးနေရင်း
Jk - Hyung ဒီနေ့လည်း ရာသီဥတု သာယာတယ်သိလား အတူတူ Date လို့ကောင်းမယ့်နေ့လေးပဲ

Jk - ဒီနေ့လည်း Hyung ကြိုက်တဲ့ စတော်ဘယ်ရီလေးတွေ ဝယ်ထားသေးတယ်နော်

Jk - ဒီနေ့ နှင်းဆီကတော့ ပန်းရောင်လေး Hyung

စကားပြောရင်း နှိပ်ပေးနေရာမှ ရုတ်တရက် ဆုတ်ကိုင်ခံလိုက့ရတယ်
Hyung မျက်နှာလေးကို မော့ကြည်မိတော့ မျက်လုံးအိမ်တို့က ရွေ့လျားလျက်

Jk - Hyung.... Hyung သတိရပြီလား ခဏနော် ကျနော်ဆရာဝန်ခေါ်ပေးမယ်

ပြောပြောဆိုဆိုနဲ့ ဆရာဝန် အပြေးအလွှား သွားခေါ်တဲ့ Jk

Yg - Jk ဘာ..ဘာဖြစ်လို့လဲ

jk - Jin သတိ..သတိရပြီ ထင်တယ်

Yg - ဟေ.....

--------------------------------------

မျက်လုံးတွေကို အားယူကာဖွင့်လိုက်တော့ စူးရှတဲ့ အလင်းရောင် မျက်နှာကျက်အဖြူရောင် ပြီးတော့ ဆေးအနံ့  ကျန်သေးတယ် ပန်းအနံ့
Koo..koo အသံရောပဲ
ပြီးတော့ ပြန်တိတ်ဆိတ်သွားတယ်
လက်မှာလည်း နာလိုက်တာ

* သတိရလာပြီပဲ အခြေအနေကောင်းတယ်
ဝမ်းသာပါတယ်*

ဆရာဝန် အခြေအနေကြည့်ပြီးတာနဲ့ ပြန်ထွက်သွားတော့

ကျနော့ဘေးနားလာရပ်တဲ့ Yg

Jin - Yg yah......

Yg - Jin လေး မင်းနေနိုင်တယ်ကွာ ငါတို့ ဘယ်လောက် စိတ်ပူရလဲ မင်းသိလား......

မျက်ရည်တို့ကလည်း အချေကိုယ်တော့ဆိုတဲ့ဘွဲ့နဲ့မလိုက်အောင် တပေါက်ပေါက်
ပြီးတော့ နောက်ထပ်လူ မျက်ရည်တွေဝဲနေပေမယ့် အပြုံးအောက်မှာ နက်ဝင်သွားတဲ့ Dimple ကြီးနဲ့သူ မြင်ဖူးသယောင်ယောင်

Clouds (Complete)Donde viven las historias. Descúbrelo ahora