7

2.1K 191 5
                                    

တစ်ခါတစ်လေ မှာ ကြုံဆုံဖို့ကံပါလာရင် ဘယ်အရာတွေ တားဆီးတားဆီး ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတတ်ကြတယ်

-------------

Jk တစ်ယောက် Tae နဲ့ ဖုန်းပြောပြီးတာနဲ့ ဆိုင်ထဲသို့ ဝင်လာခဲ့သည်
ပင်လယ်စာဆိုင်ဖြစ်၍ တံခါးဖွင့်ကတည်းက ရနံ့များက စွဲဆောင်လျက်
ဆိုင်ထဲရောက်ရောက်ချင်း မသိစိတ်က ရှာမိတာက တွေ့ချင်နေခဲ့သော jin လေးဆီသို့
ဟော တွေ့ပါပြီ ထောင့်ဝိုင်းလေးတခုမှာ အားရပါးရ စားသောက်နေသော ကောင်လေး စားနေလိုက်တာ မသိရင် သူ့ဟာတွေ လုစားမှာဆိုးလို့ အသည်းအသန် စားနေသလိုပင်
စားလိုက်တိုင်း ဖောင်းထွက်လာသော ပါးနှင့် စူထွက်လာသော နှုတ်ခမ်းတို့က Jk အား အသည်းယားစေသည်
Jk ငေးနေရင်းနှင့်ပင် သစ္စာရှိသော ခြေထောက်တို့က Jin ရဲ့ ဝိုင်းရှေ့သို့

Jin စားနေရာမှ ဝိုင်းနားတစ်ယောက် လာရပ်သလို ဖြစ်နေလို့ မော့ကြည့်တော့

Jin - ဟင် Jk shi ညစာ လာစားတာလား တစ်ယောက်ထဲလား

Jin နှုတ်ဆက်လိုက်သော်လည်း ပြန်မဖြေသေးပဲ ငေးကြည့်နေသောကြောင့်

Jin - ဒီမှာ  Jk JK shi

Jin လက်ဝှေ့ယမ်းလိုက်တော့မှ Jk အသိဝင်ကာ

Jk - ဗျာ aww ဟုတ်

Jin - တစ်ယောက်ထဲလား အတူတူထိုင်လိုက်မလား

Jk - ဟီး ဟုတ်တယ် ထိုင်မယ်နော်

Jk ပြောစရာတွေ ပျောက်ရှနေသလိုပင် အတူတူ ထိုင်စားရမယ်ဆိုတဲ့ စိတ်နဲ့ အပျော်ကြီးပျော်နေသည် စိတ်ကိုပြန်ထိန်းကာ မှာစရာရှိတာ မှာပြီးနောက်

Jk - တစ်ယောက်ထဲ လာစားတာလား

Sj နဲ့ YG အတူဝင်သွားတာ မြင်လိုက်ပေမယ့် အခု တစ်ယောက်ထဲ ဖြစ်နေသောကြောင့် သိလိုစိတ်ဖြင့် မေးလိုက်ရာ

Jin - မဟုတ်ဘူး YG လည်း ပါတယ် ကိစ္စရှိလို့ ခဏပြန်သွားတာ အပြန်လာခေါ်လိမ့်မယ်

Jk - aww ကျနော်လည်း အစက သူငယ်ချင်းနဲ့လာမလို့ပဲ ဒါပေမယ့်လည်း တစ်ယောက်ထဲ ဖြစ်သွားတယ်

Jin - အခုလည်း အဆင်ပြေတာပဲလေ အတူတူစားလို့ ရသွားတာပေါ့

အစားကိုသာ အာရုံစိုက်ရင်း ခဏတာ တိတ်ဆိတ်သွားကာ Jin မှ

Clouds (Complete)Where stories live. Discover now