''3''

31K 3.3K 555
                                    

''ဘယ်မှမသွားနဲ့ ကိုယ်ရှေ့မှာပဲလဲ''

ထိုသို့​ပြောတော့
ပြာလဲ့လဲ့မျက်လုံးလေးက
ပြူးပြူးပြဲပြဲ မော့ကြည့်လာသည်...။

''အ...အရှင့်ရဲ့ ရှေ့မှာ လဲရမှာလား..''

မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး...
''ဒါပေါ့''

ချက်ချင်းပင် ရဲရဲတွတ်သွားသော
ပါးမို့မို့လေးကို အကြမ်းပတမ်း
ဖိနမ်းပစ်ချင်လိုက်သည်...။

အရက်မူးလျှင် သွေးဆိုးတတ်သည့် ငါက ဒီအပြာရောင်လေးကြောင့်
ကိုယ့်စိတ်ကိုယ်ထိန်းနေရတာ
အမှန်တော့မလွယ်လှဘူး..။

ဂါဝန်ကိုချွတ်ရန် ခါးနားမှ
ကြိုးစများကို ဖြည်နေသည့်
လက်သွယ်သွယ်လေးက
တွန့်ဆုတ်တွန့်ဆုတ်နှင့်...။

ကြိုးအားလုံးကို ဖြည်ပြီးသည့်အခါ ကျွန်တော့်ဘက်သို့ မဝံ့မရဲလေး
တချက်ကြည့်ပြီး ဂါဝန်ကို ပုခုံးနားမှ
စပြီး ဖြည်းဖြည်းချင်း
အသာအယာလေးချွတ်သည်..။

တစ တစ ပေါ်လာသည့်
ရင်ဘတ်ဖွေးဖွေးလေးကြောင့် သောက်လက်စအရက်က ပိုမူးလာသလို...။

အပြစ်အနာအဆာမရှိသည့်
ခါးသိမ်သိမ်လေး...။

လျှောကျလာသည့် အဝတ်က
ခါးအောက်ပိုင်းနားသို့
ရောက်လာသည့်အခါ
နောက်ကျောပေးပစ်သည်။

ထို့အတွက်
ထင်ထင်ရှားရှားပေါ်လာသည့်
တင်လုံးပြည့်ပြည့်လေး...။

ထို့နောက်..
အပြစ်ပြောစရာမရှိသည့်
ပေါင်တံ၊ ခြေသလုံး...။

ပြောရရင်...
မျက်လုံးတွေက အညို့ခံနေရသလို ၊
ဦးနှောက်တစ်ခုလုံး
ထုံထိုင်းနေပြန်သလိုနဲ့ တစ တစ အသိစိတ်ပျောက်လုနီးပြီ...။

''အရှင်...''

ဝါကျင့်ကျင့်အသားရောင်
ချည်အကျီလေးနှင့် ပွယောင်းယောင်း အနက်ရောင်ဘောင်းဘီ
ဝတ်ထားသည့် ကောင်လေးဆီမှ
သြရှရှနှင့် မတိုးမကျယ်ခေါ်သံလေး။

ရင်ဘက်ထဲ၌ သိမ့်ကနဲ...။

''အရှင်...ကျွန်...ကျွန်တော်လေ...''

နီတွတ်နေပြီဖြစ်သော
နားရွက်လေးနှစ်ဖက်နှင့်
စကားတထစ်ထစ်ဖြင့်
ပြောနေသော ကောင်လေးက
ခုနအခြေအနေကြောင့်
အတော်ရှက်နေမှာ...။

Blue Side ( Completed )Where stories live. Discover now