''21"

24.1K 2.5K 290
                                    

ဆူဆူညံညံအသံတွေကြောင့်
အိပ်မရသဖြင့် စိတ်ညစ်ညူးစွာ
နိုးလာသည့်မာရီ။

''ကိုင်ရို!! အပြင်ကအသံတွေက ဘာတွေလည်း ။ နားတွေကို ငြီးနေရောပဲ ။အဲ့အသံတွေအကုန် ဝင်မလာအောင် ပြတင်းပေါက်တွေအကုန်
ပိတ်ထားလိုက်စမ်းပါ''

''ဒါပေမဲ့ သခင်မ မာရီ ကျွန်တော်အဲ့အသံတွေကို သွားရပ်ခိုင်းလို့မရပါဘူး''

''ဘာလို့ ရပ်ခိုင်းလို့မရ„ရမှာလည်း ။ ငါဆိုတဲ့ အရှင်ဂျွန်ရဲ့ မိန်းမက
ရပ်ခိုင်းတာလို့ ပြောလိုက်စမ်းပါ''

''အဲ့လိုပြောလည်း မရပါဘူး''

''ဘာလို့လည်း ။ ဘာလို့မရတာလည်း ။ ဘာပွဲမို့လို့လည်း''

ကိုင်ရို၏ အငြင်းဝါကျစကားတွေအား မာရီဒေါသထွက်လာပြီဖြစ်ရာ
အိပ်ယာပေါ်တွင် စိတ်ပျက်စွာ
လူးလိမ့်နေမိသည်။

''ဘာပွဲလည်းဆိုတော့လေ''

''ဆက်ပြောလေ ကိုင်ရို ။
ငါ ဒေါသမထွက်ချင်ဘူးနော်''

သခင်မ မာရီ၏ ဆူပူသံကြောင့်
ကိုင်ရို သက်ပြင်းတချက်ချကာ
ခပ်နှိမ့်နှိမ့်သာ ပြောဆိုလိုက်သည်။

''အရှင်ဂျွန်နဲ့ ထယ်ယောင်းရဲ့
ရိုးရာလက်ထပ်ပွဲအတွက်
ပြင်ဆင်နေကြတာမို့လို့ပါ''

''ဘာ!!!''

မာရီမှာ အံ့သြခြင်းမြောက်မြားစွာနှင့်အတူ ခဏတာ ဆောက်တည်ရာမရ ဖြစ်သွားခဲ့သည်။

ပြီးမှ ဘာမှမဖြစ်သလို ပုံစံအနေအထားနှင့် အတောက်ပြောင်ဆုံးဖြစ်မည့် ဝတ်စုံတစ်ထည်ကို သပ်ရပ်စွာ ဝတ်ဆင်ကာ အရှင်ဂျွန်ရှိနေမည့် နေရာတိုင်းသို့ ခြေဦးလှည့်ကာ
ဒီသတင်းအမှားဆိုတာကို အရှင့်ဆီ အတည်ပြုဖို့ ရှာနေမိသည်။

ဒုံဟွန်းနှင့် ဓားရေးကျင့်နေသည့်
အရှင့်ကို လေ့ကျင့်ရေးစခန်းတွင်
မာရီတွေ့လိုက်ရသည်။

အရှင့်အနားသို့ အူယားဖားယားပြေးသွားကာ ဒုံဟွန်းကို ထွက်သွားပေးဖို့ မျက်လုံးနှင့် လှမ်းပြီးစကားပြောနေမိသည်။

''အရှင် ဟိုဆူဆူညံညံအသံတွေက အရှင်နဲ့ကင်မ်ထယ်ယောင်းရဲ့
ရိုးရာလက်ထပ်ပွဲအတွက်ဆို''

Blue Side ( Completed )Where stories live. Discover now