''26"

19.8K 2.3K 100
                                    

နိုးနိုးချင်း အိပ်ယာဘေးကို လက်ဖြင့်
စမ်းကြည့်တော့ ဟာလာဟင်းလင်း။

အရှင် သူ့ဘေးနားရှိမနေဘူးဆိုတဲ့အသိက ထယ်ယောင်းကို
ရူးသွပ်အောင်ပင်ခြောက်ခြားစေသည်။

''အရှင်!! အရှင်!!''

လည်ချောင်းကွဲမတတ်အော်ခေါ်ပြီး အိမ်တစ်ခုလုံး ပတ်ရှာမိတော့ အိမ်ရှေ့တွင် သေနတ်ပစ်နေသည့် အရှင့်ကို ပြတင်းပေါက်ကနေ လှမ်းမြင်လိုက်ရသည်။

အရှင့်ကိုတွေ့မှ
ထယ်ယောင်းခမျာ စိတ်ဒုံးဒုံးချပြီး အသက်ဝဝရှူနိုင်သည့်အဖြစ်။

ဒီလိုမျိုး အရှင် ထွက်သွားမှာကို ကြောက်နေခဲ့ရတဲ့ ရက်တွေအစပြုခဲ့တာက တိုက်ပွဲဖြစ်တော့မယ်ဆိုပြီး
သိလိုက်ရတဲ့ အချိန်ကတည်းက။

ထိုနေ့ညက အရှင့်ကို မေးခဲ့ပေမဲ့ ဖုံးကွယ်ချင်နေတဲ့အရှင်က အလိမ်အညာစကားတွေပဲ
ထွက်ဆိုခဲ့တယ်။

အဲ့နေ့ညက စပြီး
ထယ်ယောင်း သိပ်ကြောက်ခဲ့တာ။

အရှင် သူ့ကို အသိမပေးဘဲ
ဘယ်အချိန်များ တိုက်ပွဲအတွက်
ထွက်သွားမလည်းဆိုပြီး... ၊

ထွက်သွားတာကို လက်ခံနိုင်ဦးတော့ တိုက်ပွဲကနေ အရှင်များ
ပြန်မလာနိုင်ခဲ့ရင် ထယ်ယောင်း ဘယ်လိုများလုပ်ရပါ့မလည်း..။

သူ့ဘဝမှာ အသက်ရှင်နေရခြင်းရဲ့ ရည်ရွယ်ချက်က အရှင့်အနားမှာ
ရှိနေဖို့လေးတင် ။
အရှင်သာ မရှိတော့ရင် သူ့အတွက် သေရတာမှ ပိုကောင်းဦးမည်။

ထို့ကြောင့် သေရမှာခြင်းအတူတူ အရှင်နဲ့အတူတူတိုက်ပွဲဝင်ပြီး
သေတာကမှ ပိုမြတ်ဦးမည်။

အနည်းဆုံးတော့ အရှင့်ကို အဆုံးထိကာကွယ်သွားလို့ ရသည့်အပြင် အရှင့်အနားတဝိုက်မှာပဲ သေသွားခဲ့ရတော့ နောင်တလည်းမရနိုင်တော့ဘူးလေ။

ထို့ကြောင့် ထယ်ယောင်းမှာ အရှင်ဂျွန် တိတ်တိတ်ကလေးထွက်သွားမည်ကို စိုးထိတ်နေခဲ့သည်မှာ ညဆိုလည်း စိတ်ချလက်ချမအိပ်နိုင် ၊
မနက်ဆိုလည်း မျက်စိအောက်က အပျောက်မခံနိုင်နှင့် ကြိတ်ပုန်းလေး သောကရောက်နေရသည့်အဖြစ် ။

Blue Side ( Completed )Where stories live. Discover now