''12"

29.6K 2.9K 405
                                    

ဖြူ၊နီ၊ပြာ၊ဝါပန်းများဖြင့်
အမြင်တင့်တယ်လွန်းသည့်အပြင်
စိမ်းဖန့်ဖန့်တောင်တန်းကြီးများ
ကာရံထားသည့် ဆယ်ဂျူသည် လှပကျော့ရှင်းသည်မှာအမှန်။

သို့ရာတွင် အလိုမတူ ၊ သိမ်ငယ်မှုများစွာဖြင့် ဖမ်းခေါ်ခံလာရသည့်
နယ်မြေသုံ့ပန်းများအတွက်တော့ ဆယ်ဂျူသည် ငရဲတစ်ခု။

ထွက်ပြေးလျှင် သေမည်ဟူသည့်
အဆိုကို လက်ကိုင်စွဲထားသော
ပြန်လမ်းမရှိသည့် ငရဲတစ်ခုသာသာ။

ထစ်ကနဲဆိုလျှင် ရင်အုံတည့်တည့်
ဓားဖြင့်ထိုးသွင်းကာ
ဖြေရှင်းတတ်သည့် အရှင်ဂျွန်က
သူတို့ရဲ့ နှစ်ယောက်မရှိသည့်နတ်ဆိုး။

ထိုသို့ဖြင့် မက်မောစရာကောင်းသည့် ဆယ်ဂျူမြေတွင် လူပေါင်းများစွာ၏ သွေးစက်များမှာ စွန်းထင်လျက်။

သတ်ရဲသလို၊ သေရဲသည့်
အရှင်ဂျွန်၏ မျက်ဆန်သေများက ဆယ်ဂျူတစ်နယ်လုံးအား
လွှမ်းမိုးထားသည်။

အမြဲလိုလို ခက်ထန်နေသည့်
အရှင်ဂျွန်အား ဆယ်ဂျူနယ်တွင် ပုန်ကန်ရဲသည့်လူမရှိသလို ၊ ခွန်းတုံ့ပြန်ရဲသည့်လူလည်းမရှိ။

သို့ရာတွင် နောက်ကွယ်တွင်တော့
သတိတချက်လွတ်၊
အငိုက်တချက်မိလျှင် အလစ်ဝင်တိုက်မည့်လူများမှာတော့ တစ်ပုံတစ်ပင်။

မည်သို့ပင်ဖြစ်စေ
အာဃာတများကြားထဲ၌
ဖြူ၊နီ၊ပြာ၊ဝါ ပန်းလေးများက
ဆယ်ဂျူနယ်မြေတစ်လျှောက်
လွတ်လတ်စွာ ပွင့်လန်းလို့။

=====

''မင်းက ဘာကိစ္စနဲ့ သူ့ကို
ဓားနဲ့ခုတ်သတ်လိုက်ရတာလည်း!!''

''တံခါးကို
ကြည်ကြည်ဖြူဖြူမဖွင့်ပေးလို့ပါ''

တုန်ယင်နေသယောင် အသံနှင့်
ဂနာမငြိမ်သည့် မျက်လုံးများက လိပ်ပြာမလုံသည့် အမူအရာကို
ဖော်ပြနေသဖြင့် မျက်စိရှေ့တည့်တည့်က လူကို ဂျောင်ကု အသေအချာစိုက်ကြည့်ပြီး ထပ်မေးလိုက်သည်။

''ဒီအကြောင်းပြချက်တစ်ခုတည်းနဲ့ သတ်လိုက်တယ်ပေါ့လေ ဟုတ်လား''

''ဟုတ်..ဟုတ်ပါတယ်''

ဂိတ်တံခါးစောင့်၏ မိန်းမနှင့်သမီးကမူ ခံပြင်းမှုဖြင့် မျက်ရည်တွေက
အသံတိတ်တလှိမ့်လှိမ့်ကျလို့ ။

Blue Side ( Completed )Where stories live. Discover now