''23"

20.7K 2.3K 321
                                    

''လက်ဖျံနားလေးပဲ
နည်းနည်းပွန်းသွားတာပါ အရှင်။
သိပ်အဆိုးကြီးမဟုတ်ပါဘူး ။
အရမ်းလန့်သွားလို့ သတိမေ့နေတာပါ။ မကြာခင် သတိရလာပါလိမ့်မယ်''

တရစပ်ပြောနေသည့်
ဆေးဆရာဟွန်းရဲ့စကားကို
အာရုံစိုက်နားထောင်နေသော်လည်း သူ့ရင်ထဲက ဒေါသမီးတွေကတော့ အရှိန်အဟုန်ဖြင့် ဆထက်တိုးနေဆဲ။

အိပ်ရာပေါ်တွင် လဲလျောင်းလျက်သား သူ့အပြာရောင်လေးရဲ့မျက်နှာလေးကို စိုက်ကြည့်ရင်းနဲ့မှ ပိုပြီးယူကြုံးမရဖြစ်မိသည်။

ဒီမျက်နှာနုနုလေးမှာ သူ့ကြောင့် ဖူးယောင်နေတဲ့ဒဏ်ရာလေးပျောက်ခါစရှိသေး ဒီလိုမျိုးထပ်ဖြစ်ရတယ်လို့။

ကိုယ် မင်းကို ထပ်အထိခိုက်မခံနိုင်တော့ဘူး အပြာရောင်လေးရေ ။ ကိုယ့်အဖိုးတန်လေး သိပ်ကိုပင်ပန်းနေပြီ။

''တကယ့်ကို အဲ့ဒီနေရာမှာ
ချောင်းသာ ရှိမနေခဲ့ရင် ၊ အရှင်သာ
ကျွဲတွေကို မရှင်းပစ်နိုင်ခဲ့ရင်
ဘာဆက်ဖြစ်မလည်းဆိုတာ ကျွန်တော်မတွေးရဲဘူး''

အာချောင်နေသည့်
ဆေးဆရာဟွန်းကို သူဒီနေရာမှာတင် သတ်ပစ်ချင်နေမိသည်။

''အဆင့်မရှိတဲ့ကောင်သာ ကျွဲခြံတံခါးကို ဖွင့်မပေးခဲ့ရင် ငါ့အပြာရောင်လေးက ဒီလိုဖြစ်လာမှာမဟုတ်ဘူး ပြီးတော့''

ဆေးဆရာလည်ပင်းကို တင်းကျပ်စွာ ညှစ်ပစ်လိုက်သော အရှင်ဂျွန်။

''မင်း ငါ့အပြာရောင်လေးအနားကို ငါ့ခွင့်ပြုချက်မရဘဲ ကပ်ဖို့မကြံနဲ့ ။ ဟိုတစ်ခါ မင်းနဲ့မာရီ ပူးပေါင်းပြီးလုပ်ကြံတဲ့ကိစ္စကို ငါ့ကိုမသိဘူးများ မှတ်နေလား။ မင်း ဆေးပညာတွေက အသုံးကျနေလို့ ဘာမှမလုပ်သေးတာ ။ မဟုတ်ရင် မင်း သေနေပြီ''

''အ...အရှင်...ကျ...ကျွန်တော်...''

ဒေါသကြောင့်ပိုအားသန်နေသည့် အရှင်ဂျွန်လက်များကြောင့် ဆေးဆရာဟွန်းမှာ မျက်ဖြူပင်စိုက်နေလေပြီ။

''အကို မလုပ်နဲ့ အကို''

ဒုံဟွန်းအတင်းဆွဲကာမှ အရှင်ဂျွန်ရဲ့ လက်တွေထဲကနေ သီသီကလေး လွတ်သွားသည့် ဆေးဆရာဟွန်း။

Blue Side ( Completed )Where stories live. Discover now