''10"

26.6K 3.1K 191
                                    

ခပ်ဖျော့ဖျော့ မီးအလင်းရောင်ကြောင့် အရှင်ဂျွန်၏ ခက်ထန်သည့် မျက်ဆန်သေများက ပိုပြီးအသက်ဝင်နေဟန်။

ထယ်ယောင်း၏ လည်ပင်းအား
လက်ဖြင့် စမ်းလျက်ရှိနေသည့်
မျက်နှာဖြူလူမျိုး ဆေးဆရာမှာ
အရှင်ဂျွန်အား ကြောက်နေသည်မှာ ပုံပျက်ပန်းပျက်။

''အ..အရင်က အဖျားရှိန်ကြောင့်ရော၊ လန့်သွားတာကြောင့်ရော သတိမေ့နေတာပါ။မကြာခင် သတိရ..ရလာမှာပါ''

သတိပြန်လည်လာမည့်အကြောင်းကို အထစ်ထစ်အငေါ့ငေါ့ ရှင်းပြနေသည့် ဆေးဆရာ။

နားလည်ပြီဆိုသည်သဘောဖြင့်
ဆက်မပြောပြဖို့ ဂျောင်ကု
လက်ကာပြလိုက်သည်။

''ထွက်သွားတော့''

မမာကျောသော်လည်း အမိန့်ဆန်သည့် အရှင်ဂျွန်၏ စကားကြောင့် အိမ်ထဲမှ ခပ်ကုတ်ကုတ်ထွက်သွားသည့် ဆေးဆရာ။

ကုတင်ပေါ်တွင် လဲလျောင်းနေသည့် ကောင်လေးအား ဂျောင်ကု
စိုက်ကြည့်နေရင်း လက်ကလေးတစ်ဖက်ကို ဆွဲယူလိုက်သည်။

ထို့နောက် လက်ဖမိုးလေးအား ဖြည်းဖြည်းသာသာလေး
နမ်းရှိုက်လိုက်သည်။

အပြစ်တင်ရမလား ၊
တောင်းပန်ရမလား ။

ထိုသို့ဝေခွဲမရစကားလုံးများနှင့် ရင်ဘတ်တစ်ခုလုံး ပြည့်သိပ်နေပါသော်လည်း တကယ်တမ်းကျ
သူဘာမှပြောမထွက်။

လက်ဖမိုးလေးကိုသာ
အကြိမ်ကြိမ် ငုံ့နမ်းနေမိခဲ့သည်။

အချိန်တစ်ခုအကြာမှ
သူ့နှုတ်က ထွက်လာသည်က
''အရူးလေး ၊
မင်းကတကယ့်ကိုအရူးလေး'' ဟူ၍သာ။

သတိရလာပါတော့ဟု
ဆုတောင်းမိပေမဲ့ သတိရလာလျှင်
သူ့ကို မည်မျှလောက်
မုန်းတီးကြောက်ရွံ့နေမည့်
အပြာရောင်လေး၏ တုံ့ပြန်ချက်ကို လက်ခံဖို့ အဆင်သင့်မဖြစ်သေး။

ပြစ်ချက်မရှိသည့် မျက်နှာလေးကို ဂျောင်ကု စိုက်ကြည့်နေရင်း
အတွေးစတို့က အတိတ်ဆီသို့
လွင့်မျော ရောက်ရှိသွားခဲ့သည်။

======

မရောက်ဖူးသည့် နေရာတစ်ခုမို့ အသစ်အဆန်းတွေနှင့်
ပြည့်နှက်နေသည့်အတွက်
အပျော်ကြီးပျော်နေသည့်
ရှစ်နှစ်အရွယ် ဂျောင်ကုလေး။

Blue Side ( Completed )Where stories live. Discover now