"9"

23.8K 2.8K 181
                                    

မီးရောင်ပြပြအောက်တွင် လေးလံစွာရွေ့လျားနေသော အရိပ်ငယ်တစ်ခု။

ထိုအရိပ်ငယ်လေးက သူ့အိမ်ရှေ့၌
ရှိနေသည့် တပ်သားနှစ်ယောက် အိပ်မောကျနေ၊မကျနေကို
တံခါးအား အသာကလေး
ချောင်းကြည့်လိုက်သည်။

ဟောက်သံတစီစီနှင့်မို့
အတော်ပင် စိတ်ချသွားသည်။

ထို့ကြောင့် စားပွဲတွင်တင်ထားသော အိတ်လေးတစ်လုံးအား လွယ်လိုက်ပြီး အိမ်ပြင်သို့ ထွက်မည်အပြု မိမိနှင့်
ရက်အနည်းငယ်လောက် နေခဲ့ရသည့် အိမ်လေးအား
နောက်ဆုံးတစ်ခေါက်အနေဖြင့်
တဝကြီး ကြည့်နေမိသည်။

ဟိုတစ၊သည်တစ မြင်ယောင်လာသည့် ယစ်မူးဖွယ်အမှတ်တရတွေ။

ပြီးတော့ အရှင်ဂျွန်၏
ပါးချိုင့်ရေးရေးပေါ်နေသည့် အပြုံး။

ရင်ထဲ၌ အမည်မဖော်နိုင်သည့်
ခံစားချက်တချို့ပေါ်လာသည့်အတွက်
ထယ်ယောင်း
ခေါင်းကိုယမ်းလိုက်သည်။

ရူးမနေစမ်းနဲ့ ကင်မ်ထယ်ယောင်း။
''စောင့်နေပေး''ဆိုတဲ့စကားကို မင်းအပြင် မိန်းကလေးဘယ်နှယောက်ကို ပြောခဲ့မှန်းမှမသိတာ။ ဘာကြောင့်မို့ မင်းက တွယ်ကပ်ချင်နေရတာလည်း။

မင်းကို မထိတထိပြောတဲ့လူတွေနဲ့ ဝေးတဲ့နေရာ၊ မင်းဘဝကိုသိမ်ငယ်စေတဲ့ လူတွေနဲ့ ဝေးတဲ့နေရာကို သွားစမ်းပါ။ အရှင်ဂျွန် စွန့်ပစ်မယ့်အတူတူ
မင်းကပဲ အရင်စွန့်ပစ်စမ်းပါ။
မင်းမရှိလို့အရှင်ဂျွန်ကဘာမှမဖြစ်ဘူး။ သူ့မှာ မိန်းကလေးတွေ
အများကြီးရှိသေးတယ်။

ထိုသို့ ကိုယ့်စိတ်ကိုတင်း ၊
ကိုယ့်စိတ်ဓာတ်ကို မြှင့်တင်ပြီး
အိမ်လေးအား ကျောခိုင်းကာ
ထယ်ယောင်း ထွက်လာခဲ့သည်။

မှောင်လုလုဖြစ်နေသေးသည့်အတွက် သစ်ပင်ကြီးများအား ကွယ်ကာ
ပြေးတစ်လှည့်၊ ရပ်တစ်လှည့်
သွားနေသည့် ထယ်ယောင်းအား ကင်းလှည့်နေသည့် တပ်သားများမမြင်ကြ။

သို့နှင့် ကုန်ပစ္စည်းများအား
အတင်အချလုပ်သည့်
မြင်းလှည်းများနှင့် နီးကပ်လာသည်။

နူးပြောသည့်အတိုင်း အနက်ရောင်ချည်းသုတ်ထားသည့် မြင်းလှည်းစီသို့ ထယ်ယောင်းပြေးသွားကာ
ထိုမြင်းလှည်းပေါ်ရှိ လူကြီးအား
ငွေစတစ်ချို့ပေးပြီး လမ်းကြုံလိုက်ဖို့တောင်းဆိုလိုက်သည်။

Blue Side ( Completed )Where stories live. Discover now