''22"

22.7K 2.5K 332
                                    

အိမ်တံခါးရှေ့တွင် အခေါက်ခေါက်အခါခါ
လမ်းလျှောက်နေသောအရှင်..။

ဘေးဘက်တွင်လည်း မိန်းမပျိုလေးတွေက အမွှေးနံ့သာအိုးတွေ ၊ ဂျွန်မျိုးနွယ်စုရဲ့ ကြင်ယာဖက်အတွက် ရိုးရာအတိုင်း လုပ်ပေးရမည့် ပစ္စည်းမျိုးစုံကို ကိုင်ပြီး ရပ်စောင့်နေရသည်မှာ အတော်ပင်ကြာလှပြီ။

အရှင့်ခွင့်ပြုချက်မရသေးလို့ သူတို့မှာ အိမ်ထဲသို့ မဝင်ရသေးခြင်း။

နောက်ဆုံးမှာတော့ မျက်နှာလွှဲခဲပစ်မနေနိုင်သည့် ဦးလေးဝမ်ကပဲ
အရှင့်ကို သတိပေးရသည်။

''အရှင် ထယ်ယောင်းကို အမွှေးနံ့သာတွေ လိမ်းပေးဖို့အတွက် သူတို့ကို အထဲဝင်ခွင့်ပြုလိုက်ပါ''

ဦးလေးဝမ်၏ စကားကို
အရှင်က မည်သို့မျှပြန်မဖြေ။ လမ်းသာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေဆဲပဲ။
ဒါဟာ အရှင် စိတ်လှုပ်ရှားနေလျှင် လုပ်တတ်သည့် အပြုအမူမို့
ဦးလေးဝမ် ထပ်ပြီး စကားမဆိုမိ။

ထိုအခိုက် အနည်းပွင့်အာလာသည့် တံခါးပေါက် ။ ထိုတံခါးပေါက်ထဲကနေ ခပ်ရို့ရို့လေးထွက်လာသည့် ထယ်ယောင်း ။ အပြင်တွင်
ရပ်နေသည့်လူအချို့ကို ကြည့်ပြီး
ရှက်နေသည်ထင် အရှင်ဂျွန်ကိုသာ သူ့အနားသို့ တိုးလာစေဖို့ မျက်လုံးလေးနှင့် လှမ်းစကားပြောသည်။

ဂျောင်ကု မျက်လုံးထဲ အဖြူရောင် ချည်ထည်ဝတ်ရုံရှည်လေးနဲ့ ဂွမ်းဖြူလုံးလေးလို လှနေသည့် ကောင်လေးက သူ့အသက်ဝိဉာဥ်ကို အကြိမ်ကြိမ်ပြုစားနိုင်သည့် ဖြစ်တည်ရာလေး။

သူ့ကို ရှက်စနိုးလေး ခိုးကြည့်နေသည့်မျက်ဝန်းပြာလေးက တကယ့်ကို
မထိရက်မကိုင်ရက်နိုင်လောက်အောင် နူးညံ့လွန်းသည်။

''ဟို...ဟိုလေ အရှင်။ ဝတ်ထားတာ အဆင်ရောပြေလားဟင်''

ဂျောင်ကု ခေါင်းသာငြိမ့်ပြလိုက်ပေမဲ့ ရင်ထဲတွင်တော့
''မင်းကဒီ့ထက်ကိုပိုလှပါတယ်''ဆိုတဲ့ စကားသာ ပဲ့တင်ထပ်နေသည်။

ဒီအဖြူရောင်ချည်ထည်ဝတ်ရုံရှည်လေးကို သူ့ရဲ့ဘိုးဘေးဘီဘင် အဆက်ဆက်က နယ်မြေခေါင်းဆောင်ရဲ့ ကြင်ယာဖက်တိုင်း ဝတ်ဆင်ခဲ့ကြပေမဲ့ သူ့အပြာရောင်လေးနဲ့တော့ အလိုက်ဆုံးဟု တွေးမိသည်အထိ ဂျောင်ကု ရစ်မူးနေမိပြီ။

Blue Side ( Completed )Where stories live. Discover now