''28"

20.7K 2.3K 294
                                    

ဆုတောင်းပွဲက ပြန်လာတဲ့လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေတဲ့ အရှင်က ထယ်ယောင်းလေး စနောက်နေတာကိုတောင် အဖက်မလုပ်ခဲ့ဘူး။

''အရှင် ဒီမှာ
ကျွန်တော့်ခါးတွေ ပေါ်နေပြီ''

''ရိုးရာမုန့်တွေက ဒီလောက်ချိုတာကို အရှင်ကဘာလို့မစားခိုင်းရတာလည်း''

''အရှင် မဖုံးပေးလို့ ခါးတွေပေါ်နေတာနော် ပြီးမှ အပြစ်လာမပြောနဲ့''

ထိုသို့ အရှင့်ဂရုစိုက်မှုကို ရဖို့
ထယ်ယောင်းကြိုးပမ်းနေသော်လည်း အရှင်က တစက်လေးမျှကို ဂရုမစိုက်။

ထယ်ယောင်း စိတ်တိုတိုနှင့် အရှင့်ရှေ့ကို ပိတ်ရပ်ပြီး လက်နှစ်ဖက်ကို မြှောက်ပြကာ ခါးပေါ်နေသည့် အနေအထားဖြင့် ရပ်နေတော့
အရှင်က ခပ်စူးစူးတချက်ကြည့်ပြီး

''သိပ်ဆိုးနေတယ်ပေါ့လေ ။ သိပ်ကို ဆိုးသွမ်းနေတယ်ပေါ့လေ ဟုတ်လား''

ထိုသို့ အံကြိတ်သံကြီးနှင့် ပြောပြီး ထယ်ယောင်းကို စွေ့ခနဲပွေ့ချီကာ
ကျောပေါ်ပစ်တင်သည်။

သူစသည့်ဇာတ်လမ်း သူ့ဘာသာ မကနိုင်သည့် ထယ်ယောင်းခမျာမှာတော့ အရှင့်နောက်ကျောတွေကို ဖွဖွလေးထုပြီး အောက်သို့ပြန်ချပေးရန် ဟစ်အော်လို့။

''ဝုန်း!!''

အကြမ်းပတမ်းဖွင့်လိုက်သည့် တံခါးနှင့်အတူ ထယ်ယောင်းအား ကုတင်ပေါ်သို့ ခပ်ကြမ်းကြမ်းပစ်တင်ပစ်လိုက်သည့် အရှင်။

''အာ့ ကျောနာသွားပြီ ။
အရှင်က အရမ်းညစ်ပတ်တာပဲ ''

ဆူထော်ထော်ပြောနေသည့် နှုတ်ခမ်းလေးအား ပိုပြီးဆူထွက်လာအောင် ပါးစောင်ကနေ စုညှစ်ပစ်လိုက်သည့် အရှင်ဂျွန်။

''စကားနားမထောင်တဲ့ ကလေးတွေကို ဘယ်လိုအပြစ်ပေးရမလည်း
သိလား ဂျွန်အပြာရောင်လေး!!''

ခပ်ပြတ်ပြတ်အရှင့်စကားကြောင့် ထယ်ယောင်းမျက်ဝန်းလေးများမှာ ကြောက်ရွံ့မှုနှင့်အတူ ပြူးကျယ်သွားသည်။

ပါးစောင်ကို စုဖိထားသဖြင့်
စူထွက်နေသည့် ထယ်ယောင်းနှုတ်ခမ်းတွေကို အရှင်က လျှာဖြင့်တို့လိုက် သွားဖြင့် မထိတထိကိုက်လိုက်ဖြင့် တရိရိပြုမူသည်။

Blue Side ( Completed )Where stories live. Discover now