"5"

28.7K 3.2K 527
                                    

အရှင်ဂျွန် နယ်မြေထဲသို့
ဝင်လာပြီဆိုသည့်အသံကြားသည်နှင့် အရှေ့မှ မှန်ကိုကြည့်ကာ ပိုပြီးကြည့်ကောင်းအောင်ပြင်နေမိသည်။

သခင်မ မာရီ

အဖေက မျက်နှာဖြူလူမျိုးဖြစ်၍ အနောက်တိုင်းသွေးရောနေသည့်အပြင် ခါးထိရှည်သော
ဆံနွယ်ရှည်များက သူမအလှကို
ဆထပ်တိုးစေသည်။

ဒီနေရာတွင် ရှားပါးလှသော မျက်နှာချေများအား အနည်းငယ်
လိမ်းပြီး ဆံပင်ကို ကြည့်လို့ကောင်းသွားအောင် သပ်တင်လိုက်သည်။

''ဝင်လို့ရမလား သခင်မ မာရီ''

နှုတ်ခမ်းကို အဆီလိမ်းနေရင်း
''ဝင်ခဲ့''ဟု ပြန်ဖြေလိုက်သည်။

''အရှင်ဂျွန်အကြောင်း
သတင်းပေးစရာရှိလို့ပါ''

နှုတ်ခမ်းကို ထိကပ်နေသည့်
သူမလက်များ ရပ်တန့်သွားသည်။

''ပြော''

''အရှင်ဂျွန်က သူ့မြင်းပေါ်
လူတစ်ယောက်ကို
တင်ခေါ်လာတယ်လို့ ကြားရပါတယ်''

စိတ်ထဲ၌ ခံပြင်းသွားသည်။
သူ့ကိုတောင် မတင်ဖူးတဲ့ မြင်းပေါ်ကို ဘယ်သူကများ ရာရာစစ။

ကြိမ်ဖိနပ်ကို စီးပြီး အရှင်ဂျွန်နေသည့် အဆောင်ဆီသို့ ခပ်သွက်သွက် လျှောက်သွားမိသည်။

.
.
.
မြင်းပေါ်ကနေ ဆင်းဖို့
လက်လှမ်းတော့ လက်နုနုလေးက မဝံ့မရဲလေး ဆုပ်ကိုင်သည်။

ဘေးပတ်ဝန်းကျင်ကို
စူးစမ်းနေသည့်ကောင်လေးက
တကယ့်ကို စပ်စုစိန်လေး။

အမှောင်ထဲတွင်ကို လက်နေသည့် အပြာရောင်မျက်ဝန်းလေး။

တဝကြီးကြည့်ချင်ပေမဲ့
တခြားလူမြင်သွားလျှင်
မကောင်းသည်မို့ မြန်မြန်
အိမ်ထဲဝင်စေသည်။

အိမ်ထဲသို့ တလှုပ်လှုပ်နှင့် ဝင်သွားသော ကောင်လေးကို ကြည့်နေတုန်း

မီးအိမ်တစ်လုံးကို ကိုင်ပြီး သူ့ဆီသို့ ဒရောသောပါး ပြေးလာသည့်မာရီ။

ရင်ခွင်ထဲသို့ ပြေးဝင်လာတော့
အလိုက်သင့်လေး ဖက်ထားမိသည်။

Blue Side ( Completed )Where stories live. Discover now