''15"

25K 2.6K 377
                                    

သစ်ပင်ကြီး၌ ချိတ်ထားသည့် သစ်သားပြားလေးဆီသို့
သေနတ်ပြောင်းဝကို
ထယ်ယောင်း ဦးတည်လိုက်သည်။

''ဒိုင်း!!''

ဟိန်းခနဲ ထွက်သွားသည့်
သေနတ်သံက ဆယ်ဂျူတစ်ခုလုံးကို မြည်ဟည်းစေသည်အထိ။

''ဒိုင်း!!''

''ဒိုင်း!!''

အချက်ပေါင်းများစွာ မရပ်မနား
ထယ်ယောင်း ဆက်ပစ်နေမိသည်။

ဒီလောက် အာရုံစိုက်ရတဲ့အလုပ်ကို တသမတ်ထဲ လုပ်နေတာတောင်
တချက်ချက်ဝေဝါးသွားတဲ့ အာရုံတို့က သူ့အရှင်ဂျွန်ဆီ။

ဒီနေ့နဲ့ဆို အရှင် ဟွာဟန်းကို
ထွက်သွားတာ ၂၅ရက်ပြည့်ပြီ။

အောင်မြင်သလား ၊ ကျရှုံးသလား
မသိရသည့် အခြေအနေကြောင့်
ထယ်ယောင်း စိတ်ပူသည်မှာအမှန်။

ပစ်မှတ်ကိုကျော်ပြီး
သစ်ပင်အနောက်မှ
ဟိုး စိမ်းဖန့်ဖန့်တောင်တန်းကြီးများကို ငေးမိတော့ သူ့အား ဆယ်ဂျူကို
ချစ်တတ်အောင် သင်ပေးခဲ့သည့်
အရှင်ဂျွန်ကို သိပ်သတိရမိသည်။

အမြဲမှိုင်းအုံ့နေတတ်သည့်
ဆယ်ဂျူ၏ ရာသီဥတုက
သူ့အလွမ်းများကို တောက်လောင်အောင် မီးမြှိုက်ပေးနေသလို။

နောက်တစ်ခါများတော့ ဘယ်လောက်ခက်ခဲ့ကြမ်းတမ်းတဲ့ တိုက်ပွဲဖြစ်စေ ။ သူ အရှင့်အနားမှာ အတင်းတွယ်ကပ်ပြီး လိုက်သွားဦးမည်။

အနည်းဆုံးတော့ အရှင့်အငွေ့အသက်တွေနဲ့ မဝေးတော့ဘူးပေါ့။

ဒါကြောင့် သေနတ်ပစ်ကျွမ်းအောင် ထယ်ယောင်း ကြိုးစားနေမိခြင်း။

တပ်သားတစ်ယောက်လို
သေနတ်ပစ်ကျွမ်းရင် အရှင်က
တိုက်ပွဲဆီ ခေါ်မယ်လို့
ပြောခဲ့သည်မဟုတ်လား။

အတွေးနှင့်အတူ
မောင်းခလုတ်ကို ထပ်ဆွဲမိသည်။

''ဒိုင်း!!''

ကျည်ဆံက ပစ်မှတ်ဖြစ်သော
ပါးလှပ်လှပ် သစ်သားအပြားလေး၏ အလယ်တည့်တည့်သို့
စိုက်ဝင်သွားခဲ့သည်။

ထယ်ယောင်း ကျေနပ်စွာပြုံးပြီး သစ်သားပြားလေးကို
သစ်ပင်မှ ဆွဲဖြုတ်လိုက်သည်။

Blue Side ( Completed )Where stories live. Discover now