''8"

23.8K 2.7K 340
                                    

တစ်ခုသော
ဆောင်းတွင်းမနက်ခင်းတစ်ခု။

ချမ်းအေးလှသည့်အတွက် မိုးလင်းခါနီးနေပြီဖြစ်သော်လည်း မည်သူမျှ ဟုတ်တိပတ်တိမနိုးကြသေး။

ရေနံချေးအထပ်ထပ်သုတ်ထားသည့် ကိုယ့်အိမ်လုံးလေးထဲတွင်သာ နွေးနွေးထွေးထွေးဇိမ်ယူကောင်းတုန်း။

သို့ရာတွင် ကိုယ့်အပူမီးနှင့်ကိုယ်
လောင်မြှိက်နေကြသည့် လူများမှာတော့ ချမ်းအေးသည်ကိုသည်လည်း ဂရုမပြုနိုင်။

ယုတ်မာညစ်ပတ်သည့်
အကြံအစည်ကြီးအောင်ဖို့
ဆောင်းလေပြေကိုအံတုပြီး
တိုးတိုးကြိတ်ကြိတ်နှင့်
ခေါင်းချင်းဆိုင်လို့။

''ဖြစ်ပါ့မလား သခင်မရယ်''

သခင်မ မာရီအား
ရဲရဲကြီးမယုံနိုင်သေးသည့် နူး။
မြွေမြွေချင်းခြေမြင်နေသည်ဆိုလျှင်
ပိုမှန်မည်။

''သေချာစဥ်းစားကြည့်ပါဦး နူးရယ်။
ဒီကိစ္စသာ အထမြောက်သွားရင်
ငါတို့နှစ်ယောက်လုံးအတွက်
တကယ်အဆင်ပြေမှာ''

မာရီစကားကြောင့်
နူး အနည်းငယ်တွေဝေသွားသည်။

ဟုတ်တယ်၊ တကယ်ကို အဆင်ပြေသွားမှာ ။ ကချေသည်တွေထဲမှာ မျက်နှာရနေတာက အရှင်ဂျွန်ကြောင့်။ အရင်တုန်းက အရှင်ဂျွန်က နူးမှနူး ဖြစ်နေခဲ့ပေမယ့် ဟိုအကောင်ရောက်လာမှ လာပေျာ်ဖို့နေနေသာသာ လမ်းတွေ့ရင်ကို
လှည့်မကြည့်တော့သည်အထိ။

မဖြစ် အရှင်ဂျွန်
သူမဆီ ပြန်ကိုပြန်လာမှရမည်။

တကယ်တော့ သခင်မမာရီကို နည်းနည်းလေးမျှ မယုံ။ သို့သော်ငြားလည်း ဒီအကြံအစည်ကသာ အဆင်ပြေဆုံးမို့ နူး လက်ခံလိုက်သည်။

''ဟုတ်ပြီလေ ။ အကြံအစည်အတိုင်းပဲ လုပ်တာပေါ့ ။ ဒါပေမဲ့ အရှင်ဂျွန်
သိသွားရင် ကျွန်မဆီပဲ
အပြစ်တွေပုံသွားလိမ့်မယ်''

''မာရီကို ယုံပါ နူးရယ်။
မာရီကာကွယ်ပေးမှာပါ''

ပုံမှန်ထက်
လေသံပိုပျော့နေသည့်အတွက် နူး
ပိုလို့တောင် မယုံမိသေးတယ်။

ပုံမှန်ဆို မျက်စောင်းကြီးချီပြီး
မတူသလိုမတန်သလို
ဆက်ဆံလေ့ရှိတာကို။

Blue Side ( Completed )Where stories live. Discover now