Episode 3

4.1K 337 0
                                    

    lu တို့ အလုပ်သင် ဆရာဝန်ဘဝက တော်တော်လေးကို ပင်ပန်းပါသည်…

   အကုန်လုံးက ကိုယ့်ထက် senior တွေချည်းပဲ ဆိုတော့ ရိုရိုသေသေဆက်ဆံရသည်..အလိုက်လဲသိရသေးသည်…

အထူးသဖြင့် lu တို့ အလုပ်သင်ဆရာဝန်တွေကို ဦးစီးရသော Dr. Kim ကိုတော့ အလုပ်သင်တွေအားလုံးကြောက်ကြသည်.

စည်းကမ်းလဲတင်းကျပ်သည်..

သို့သော် ပညာသင်ပေးစရာရှိရင်တော့ Dr. Kim က သူသိသမျှ သူတတ်သမျှ ပညာကုန်သင်ပေးပါသည်.

တာဝန်ချိန် ပြင်ပမှလွဲ၍ ကျန်တဲ့အချိန်ဆို သဘောကောင်းပါသည်..ဒါကြောင့် lu တို့မှာ Dr.Kim ကို ကြောက်လဲကြောက် ရိုလဲရိုသေ ခင်လဲခင်ကြရသည်လေ..

ဒီနေ့တော့ lu နဲ့ Baekတို့ ဆေးရုံကို စောစောထွက်လာရတယ်..ခါတိုင်းဆို lu တို့က မနက်၉ နာရီ အလုပ်ချိန်မှ ဆေးရုံကိုလာရတာ..

ဒါကလဲ Dr.Kim ရဲ့ အမိန့်ပဲလေ.

Dr.Kim က အလုပ်သင်တွေကို တခြားဆရာဝန်တွေလို အလုပ်ချိန်မှ လာတာကို မကြို က်ဘူး အလုပ်သင်ဆိုတာ လိုအပ်ရင်ဆေးရုံမှာ 24 နာရီတောင်ရှိနေရဦးမယ်တဲ့လေ ခုတော့ မလိုအပ်သေးလို့ မနက် ၇ နာရီ ဆေးရုံအရောက်လာပါတဲ့လေ..

lu ကတော့ မနက်စောစောထတာ အကျင့်ဖြစ်နေပြီမို့လို့ ကိစ္စမရှိ ..

ကိစ္စရှိတာက Baekkie.,

သူ့ကိုနှိုးဖို့ အတွက် lu မှာ ပိုစောစောထရသေးသည်

Baekkie ကိုနှိုးဖို့ ဆိုတာ အချိန်ယူရသေးတယ်မလား

နှိုးစက်ပေးထားလဲ ဘယ်တုန်းက နှိုးစက်သံကြောင့် Baek နိုးဖူးလို့လဲ...

ခုလဲကြည့်…

သူ့ထက်စောစောထရတဲ့ lu ကိုမှ အားမနာ .

lu ဘေးမှာ lu ပခုံးကိုမှီပြီး တခေါခေါနဲ့ အိပိပျော်နေပြန်လေရဲ့...

'' ကဲ Byun Baekkie ရေ ထပါတော့ မှတ်တိုင်ရောက်တော့မယ်''

'' ရောက်ပီလား နာ အိပ်လို့တောင်မဝသေးဘူး Wahhh!!!!'

' ကဲ ကဲ သန်းမနေနဲ့ လူမြင်မကောင်းအောင် နင်ဟာလေ ကလေးလေးကျနေတာပဲ'

OUR TOMORROW..Hikayelerin yaşadığı yer. Şimdi keşfedin