Episode 11

3.8K 310 6
                                    

" Kim Luhan
အသက်က 22နှစ်...
ငယ်စဉ်ကတည်းက Moonlight Orphanage မှာနေထိုင်ခဲ့ပြီး ဂေဟာကပေးတဲ့ ထောက်ပံ့ကြေး နဲ့
Seoul Medicinal University ကနေဘွဲ့ရခဲ့တယ်... ခု Seoul National Hospital မှာ အလုပ်သင်ဆရာဝန်..."

Mi Rin လက်ကာပြလိုက်ပြီး...

' Stop!! Orphanage? ဒါဆို Kim Luhan က Orphan ပေါ့... ဆေးကျောင်းတောင် ထောက်ပံ့ကြေး နဲ့တက်ခဲ့ရတာပေါ့လေ...ဒီလို ဒီလို မိန်းမမျိုးကိုများ oppa က... Mrthuandwe! "

Mi Rin ပိုက်ဆံထည့်ထားတဲ့စာအိတ်ကို ရှေ့တိုးပေးလိုက်ပြီး...

" ခုလို စုံစမ်းပေးလို့ thank you...နောက် ခိုင်းစရာရှိရင် မင်းကိုပဲဆက်သွယ်လိုက်မယ် ခုတော့ သွားလို့ရပြီ..."

Mi Rin Luhan အကြောင်း file တွဲကိုကောက်ယူလိုက်ပြီး ကိုယ်တိုင်ဖတ်ကြည့်လိုက်သည်...

' အမေနာမည်က Kim Han Ni...
Moonlight Orphanage မှာပဲ Kim Luhan ကိုမွေးပြီးပြီးချင်းဆုံးသွားခဲ့တာ...
uni တောင် ထောက်ပံ့ကြေးနဲ့တက်ခဲ့.........'

စာတွေကိုဖတ်နေရင်းက Mi Rin အကြည့်တွေက စာတန်းအောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံတစ်ပုံဆီသို့......

" သူတို့က...?...'
*
*
*
*

ပြီးတော့......
သူမ မျက်နှာမှာ ကျေနပ်တဲ့ မဲ့ပြုံးတခု...

Kim Luhan...

You can never be my rival...

***********************************

ဆရာ Kimအမိန့်ဖြင့် Hun,lu, Baek, Yeol တို့အပါအဝင် အလုပ်သင်ဆရာဝန် အယောက်၂၀ ခန့် ဆရာ Kim ရုံးခန်းထဲတွင် စုဝေးရောက်ရှိနေကြသည်...

ခဏကြာတော့ ဆရာ Kim ဝင်လာပြီး

' မင်းတို့ အလုပ်သင်ကာလ က မကြာခင်မှာပြီးဆုံးတော့မှာသိတယ်နော်'

' Nae !'

အကုန်လုံးတသံတည်းဖြေလိုက်ကြသည်...
နောက်၂ရက်လောက်ကြာရင်ပဲ အလုပ်သင်ကာလ ၁ နှစ်ပြည့်လို့ အားလပ်ရက် ၁ ပတ်ပေးလိမ့်မည်လေ...
ထို အားလပ်ရက် ၁ ပတ်ကား သူတို့အတွက် လွန်စွာမှပင်တန်ဖိုးရှိလှသည်...
လွန်ခဲ့သော ၁ နှစ်လုံးလုံး အဆူခံအပူခံ ပင်ပန်းခံခဲ့ရသမျှ အတိုးချအနားယူရမည့် အားလပ်ရက်လေးး......

' မင်းတို့ကို ပြီးရင် အားလပ်ရက် ၁ပတ်ပေးလိမ့်မယ် အဲ့အားလပ်ရက်မှာ......'

OUR TOMORROW..Where stories live. Discover now