Episode 20

1.8K 120 33
                                    

အနီရောင်လွှမ်းသော ကော်ဇောရှည်ကြီး
တဖက် တချက်မှာ ကင်မရာမီးရောင်တွေက
တဖျတ်ဖျတ်…

အလှပဆုံး အတောက်ပဆုံးသော ဝတ်စုံတွေကို
ဆင်မြန်းထားပြီး……
အပြုံးကိုယ်စီနှင့် idol တွေက
ကားအကောင်းစားကြီးတွေပေါ်က
ကြွကြွရွရွလေး ဆင်းလျှောက်လာကြသည်…

Asia ရဲ့ အကြီးကျယ်ဆုံးသော…
Award Ceremony…

ပွဲရဲ့ ဂုဏ်ဒြပ်နဲ့ ပနံရစွာ
အခမ်းအနားအပြင်အဆင်က
ခမ်းနားလှပလွန်းသည်…

' ဟုတ်ကဲ့… အခု ပေးအပ်မဲ့ ဆုကတော့
Most Popular Star of the year
ဖြစ်ပါတယ်…ဒီပွဲရဲ့ title award တွေထဲက
တစ်ခု အပါအဝင်လဲဖြစ်ပါတယ်ရှင့်…
ဘယ်သူလို့… ထင်ပါသလဲရှင်? '

presenter အမျိုးသမီးရဲ့ အမေးစကားအဆုံး…
ပရိသတ်တွေက နာမည်တစ်ခုကို တညီတညွတ်တည်း အော်ကြသည်…

' သေချာမကြားရသေးဘူးရှင့် ! ဘယ်သူလို့
ထင်ပါသလဲရှင်? '

ပရိသတ်တွေရဲ့ နောက်တကြိမ်အော်သံက
ခန်းမကြီးတစ်ခုလုံး ဖုံးလွှမ်းသွားပြီးတဲ့နောက်…

ထိုအမျိုးသမီးက တချက်ပြုံးလိုက်ပြီး…

' nae… ဟုတ်ပါတယ် သူပါပဲ …
Oh Sehun shi ဖြစ်ပါတယ်… Congratulations ပါ စင်ပေါ်ကိုကြွရောက်
ပေးဖို့ ဖိတ်ခေါ်ပါတယ်ရှင် !! '

လက်ခုပ်သံတွေရယ်…
ကင်မရာ မီးရောင်တဖျတ်ဖျတ်တွေရယ်…
အမှောင်ချထားခဲ့သော ခန်းမတစ်ခုလုံး ဆူညံလင်းလက်သွားသည်…

ဂုဏ်ပြု စကားပြောကြတဲ့
လုပ်ဖော်ကိုင်ဖက်တွေကို
bow လုပ်ရင်းနဲ့ စင်ပေါ်ကို တလှမ်းချင်း
ခန့်ညားစွာ လှမ်းလျှောက်လာတဲ့သူ…

ဆံပင်နက်နက်တွေက
gentleman ဆန်စွာသေသပ်နေဆဲ…

မီးခိုးရောင် suit နဲ့
သိပ်ကို ခန့်ညားနေသော သူ့ရဲ့ အနက်ရောင်
သားရေ shoe ဆင်မြန်းထားတဲ့
ခြေတစ်စုံကတော့ ယုံကြည်မှုအပြည့်နဲ့
အောင်မြင်မှုဆီကို လျှောက်လာနေခဲ့သည်

နတ်သားတစ်ပါးလို …အပြုံးတစ်ပွင့်ကို
တပ်ဆင်လျက်…
ဆုတစ်ဖက်နဲ့ Fan တွေကို heart sign
လုပ်ပြနေတဲ့ သူ့ပုံရိပ်….…

OUR TOMORROW..Where stories live. Discover now