Episode 16

2.7K 276 9
                                    

' Oh Sehun shi ကို
lu ... မချစ်ဘူး ! အရင်တုန်းကရော ... အခုရော...'

ပြောပြီး လှည့်ထွက်သွားသော သူမ ကျောပြင်လေးကိုသာ  ငေးကြည့်နေမိရင်း ကျောက်ရုပ်တစ်ရုပ်လို ကျန်နေခဲ့ရသူက… Hun
သူမ နောက်ကို ပြေးလိုက်သွားဖို့ရာအတွက်လဲ ခြေထောက်တွေက လုံလောက်စွာအားမရှိတော့ …

တကိုယ်လုံးက အားအင်တွေ ဆုတ်ယုတ်သွားသလို …
သူမ ရဲ့ အဖြေစကားက အင်အားပြင်းစွာ Hun နှလုံးသားကို ထိမှန်ခဲ့သည် …

Hun တဆစ်ဆစ်နှင့် နာကျင်လွန်းလှသော နှလုံးသား တည်ရှိရာ ဘယ်ဘက်ရင်အုံကို ဖိထားမိ ရင်း ..

ပါးပြင်ပေါ်က ခပ်နွေးနွေး စီးကြောင်းတစ်ချို့ ကို ခံစားမိသည်နှင့်အတူ …

ခုနတည်းက အုံ့မှိုင်းညို့ နေခဲ့သော ကောင်းကင်ကြီးမှ မိုးစက်မိုးပေါက် များ ကျဆင်းလာလေသည် …

မိုးစက် မိုးပေါက်လေးများမှ တဖြည်းဖြည်း သည်းထန်သော မိုးအဖြစ် အသွင်ပြောင်းလာသော်လည်း …

Hun နေရာမှ တစ်လက်မ မှမရွေ့မိသေး …

သူရဲ့ မျက်နှာ အပါအဝင် … တကိုယ်လုံးကို စိုရွှဲနေစေသည့် အေးစက်စက် မိုးရေ ၏ အထိအတွေ့များကြားမှ … ပါးပြင်ပေါ်က ခပ်နွေးနွေး အထိအတွေ့ကို သူအဖြေရှာနေမိဆဲ …

သူ အဖြေကို ရှာလို့တွေ့သွားချိန်မှာတော့ …
မိုးရေထဲ အချိန်အတော်ကြာ ရပ်နေမိသောကြောင့် အနဲငယ် ပြာနေပြီဖြစ်သော သူ့နှုတ်ခမ်းများကို တွန့်ကွေးလျက် ခပ်မဲ့မဲ့တချက်ပြုံးလိုက်မိသည် …

lu ရယ် …

မင်းအရမ်းကို တော်လွန်းပါတယ် …

တကယ့်ကို … အရမ်း …

___________________________________

ဘယ်လောက်ကြာကြာ မိုးရေထဲမှာ ရပ်နေမိခဲ့လဲ Hun မသိတော့ …

အနည်းငယ်အသိပြန်ဝင်လာသော အချိန်ကျမှ ကားဆီပြန်သွားပြီး အိမ်ပြန်လာခဲ့သည် …

လူက မူးရိပ်မူးရိပ် ဖြစ်လာတော့ အိမ်ခန်းထဲက sofa ပေါ်ထိုင်ချလိုက်ကာ ခေါင်းကို နောက်မော့၍ မျက်လုံးများကို အသာမှိတ်ထားမိသည် …

OUR TOMORROW..Where stories live. Discover now