Episode 10

3.7K 301 3
                                    

'' ဘာလဲဟ''
Hun သူ့ခါးကို ဖက်ထားတဲ့ လက်တွေကို အလန့်တကြားဖြု တ်ချပြီး နောက်ကိုလှည့်ကြည့်လိုက်တယ်...

တိုကပ်နေသော mini skirt နှင့် အနီရောင် coat ကိုတွဲဖက်ဝတ်ဆင်ထားသော သူမ...
ဆံပင်ရွှေဝါရောင်အဖြောင့်, ထူထဲလှသော မျက်တောင်တုကြီးများနှင့် make up များကြားထဲမှ သူမ ကို Hun မနည်း မှတ်မိယူလိုက်ရသည်...

" Mi Rin?? "

Hun ဆီက သူမ ကိုမှတ်မိသည့်အရိပ်အယောင်တွေ့ရမှ ခုနက Hun သူမ လက်ကို အတင်းဖြု တ်ချလိုက်သည့်အတွက် ဆူပုပ်နေသော မျက်နှာက ချက်ချင်းဝင်းပလာသည်...

" Oppa ကနော် Rin Rin ကို မှတ်မိဖို့များ အဲ့လောက်ကြည့်နေရလားလို့ How? Rin Rin လှလာတယ်ဟုတ်?"

ပြောရင်း Hun ရှေ့မှာ သူမ ကိုယ်ကိုတပတ်လှည့်ပြလိုက်သေးသည်...

" Rin Rin ဘယ်တုန်းက ပြန်ရောက်လာတာလဲ Uncle တို့ပါ ပြန်လာတာလား"

Hun စကားလမ်းကြောင်းလွှဲလိုက်ပြီး သူမ ကိုမေးလိုက်သည်...

" Rin Rin တယောက်တည်း ပြန်လာတာ oppa ကို မတွေ့ရတာ ၃ နှစ်တောင်ရှိပြီလေ"

" Rin Rin က ဟိုမှာ ကျောင်းတက်နေတာ မဟုတ်လား ပြန်လာချင်တိုင်း ပြန်လာလို့ရလို့လား"

" ရတာပေါ့ Transfer နဲ့ Seoul uni ကိုပြောင်းလိုက်တယ်လေ Seoul uni က Rin Rin အတွက် နဲနဲနိမ့်နေပေမဲ့လည်း ဘယ်တတ်နိုင်မလဲ Rin ချစ်တဲ့လူက Seoul မှာရှိနေတာကိုး"

Hun မကြို က်တာ ဒါတွေပဲ ...
မိန်းကလေးတန်မဲ့ ယောင်္ကျားလေးကိုရိသဲ့သဲ့ပြောတတ်တာ
သူမ က Hun ထက် ၄နှစ်လောက်ငယ်ပါတယ်...
သူမ မိဘတွေကU.S က Hun တို့ ဆေးရုံရဲ့ sharer ရှင်တွေ...
မိဘချင်းလဲ တော်တော်ရင်းနှီးကြတယ်...
သူမကတော့ ငယ်ငယ်လေးကတည်းကပဲဆိုပါတော့ Hun ကို လိုက်ကပ်နေတာ သူမ အထက်တန်းနောက်ဆုံးနှစ်ရောက်တော့ သူမ မိဘတွေက ဆေးကျောင်းသားဖြစ်တဲ့ Hun ကို သူတို့သမီးကို စာသင်ပေးဖို့ Guide သဘောမျိုးပေါ့ အကူအညီတောင်းတော့ Hun လဲ ငြင်းလို့မကောင်းတော့ shooting schedule တွေကြားထဲက မရရ အောင်အချိန်ဖယ်ပီး သူ့ကို စာသင်ပေးရတယ်
စာသင်နေတဲ့တလျှောက်လုံးလဲ Hun တော်တော်စိတ်ရှုပ်ရတယ် စာရှင်းပြလဲ နားမထောင် Hun ကိုပဲကြည့်နေတာတို့ ခုနကလိုမျိုး စာသင်ပေးတဲ့လူကို လေးစားရမှန်းမသိ ရိသဲ့သဲ့ပြောတာတို့...
သူမ ဘက်က Hun ကို စိတ်ဝင်စားနေမှန်း Hun သိပါတယ်...
Hun ကတော့ ညီမ တယောက်လိုပဲ သဘောထားခဲ့တယ်
သူမ အထက်တန်းကျောင်းပြီးတော့ L.A ကို ပညာတော်သင်လွှတ်ပြီး ကျောင်းဆက်ခိုင်းတယ်
နောက်တော့ သူမ ကို စိတ်မချတာနဲ့ သူမ မိဘတွေပါ L.A ကိုလိုက်သွားနေရတယ်
ခု သူမ ပြန်ရောက်လာပြီ...
Hun အတွက်စိတ်ရှုပ်စရာ တခုတိုးလာတာပဲ
ပိုဆိုးတာက သူမ မိဘတွေလဲ မပါလာဘူးဆိုတော့ Hun အပေါ်ပဲ တာဝန်ပုံမှာ...Seoul မှာ အသိမရှိဘူးဆိုပြီး...
ဟူးးး...မတတ်နိုင်ဘူးလေ မိဘတွေမျက်နှာကလဲရှိသေးတော့ အလိုက်အထိုက်တော့ ဆက်ဆံရမှာပေါ့...
ခုလဲ Hun အလုပ်လုပ်တဲ့ ဆေးရုံကို ဘယ်လိုသိပြီး ရောက်ချလာတယ်မသိ...

OUR TOMORROW..Opowieści tętniące życiem. Odkryj je teraz