Episode 17

2.7K 239 30
                                    


' Chanyeol နဲ့ Baekkie နှစ်ယောက်လုံး ဆက်ဆက်လာခဲ့ရမယ်နော် ! မလာရင် Rin စိတ်ဆိုးမှာ ... Luhan shi လဲ ဆက်ဆက် လာခဲ့ပေးနော် ...'

အပြုံးတစ်ခုဖြင့် engagement invitation letter တွေ ပေးနေသော Mi Rin က Lu ကို စိုက်ကြည့်ပြီးပြောလိုက်သည် ...

Lu ကတော့ သူမလက်ထဲရောက်လာတဲ့ ပန်းနုရောင် ဖိတ်စာလေးကို ငုံ့ကြည့်ရင်း ဘာကိုမှနားမလည်နိုင်သေး ...

စေ့စပ်ပွဲ တဲ့လား ...

Hun က Mi Rin နဲ့... ?

' ညနေဘက် party လိုသဘောမျိုးပဲ ပေါ့ပေါ့ပါးပါးလုပ်မှာဆိုတော့ ရင်းနှီးတဲ့လူတွေပဲဖိတ်ထားတာ... Chanyeol shi တို့တွေ အဆင်ပြေပါတယ်နော်? weekend ပဲဟာ ... မအားလို့မလာဘူး လို့တော့အကြောင်းမပြကြနဲ့နော်
ဆက်ဆက်လာခဲ့ပေး! Oppa ! Oppaလဲ သူငယ်ချင်းတွေကို ပြောစရာရှိတာပြောလိုက်ဦးလေ'

Mi Rin က ဘေးက Hun ကို သတိပေးသလိုပြောလိုက်တော့ Hun က ...

' နောင်အပတ် စနေနေ့က ငါတို့ စေ့စပ်ပွဲလဲဟုတ်သလို ... အင်း ...နှုတ်ဆက်ပွဲလဲဖြစ်လိမ့်မယ်ထင်တယ်...
Chanyeol ... Baekkie ပြီးတော့ ... Lu ...
ငါ ...စေ့စပ်ပွဲပြီးတာနဲ့ U.S ကိုပြန်တော့မယ် ဒီအတောအတွင်း ငါ့ကို ဂရုစိုက်ပေးခဲ့တာတွေ
ခင်ပေးခဲ့တာတွေအတွက်ကျေးဇူးတင်ပါတယ်ကွာ...'

Hun စကားဆုံးတော့ Lu အပါအဝင် Chanyeol ရော Baekkie ပါ အံ့သြသွားရသည် ...

' ဟာ ... ဟေ့ကောင် Sehun ! စေ့စပ်ပွဲကတင် နောက်တစ်ပတ်ကို ... မင်းက စေ့စပ်ပွဲပြီးတာနဲ့သွားမယ်ဆိုတော့ ... မမြန်လွန်းဘူးလား... ပြီးတော့ U.S သွားမယ်ဆို ...ဒီက အလုပ်တွေရော ? မင်း Idol ဘဝရော ... ဘယ်လိုဖြစ်သွားမှာလဲ ?'

Chanyeol က အထိတ်တလန့်နဲ့ပြောပေမဲ့ Hun ကတော့ Mi Rin ပခုံးကိုဖက်ထားကာ ခပ်ဖျော့ဖျော့ပြုံးရင်းနဲ့ပင် ...

' အကုန်ထားခဲ့ရမှာပေါ့ ... ငါဆုံးဖြတ်ပြီးပါပြီ... ဒီ့ထက်နောက်မကျခင် ...ငါ ငါ့မိဘတွေနဲ့ပဲတူတူပြန်နေတော့မယ်... Mi Rin နဲ့လက်ထပ်ပြီးရင်လဲ အဲ့မှာပဲနေတော့မှာ Korea ကို ပြန်လာဖြစ်မယ်မထင်တော့ဘူး ...'

Hun ... သူ ဆက်ပြောနေသော စကားတွေက Lu နားထဲဝင်တချက် ... မဝင်တချက် ...

OUR TOMORROW..Where stories live. Discover now