Episode 19

2.4K 198 41
                                    

'အ … အားးး !! '

မျက်လုံးကိုစုံမှိတ်ထားကာ
ဆေးမထိုးရသေးခင်တည်းက အာခေါင်ခြစ်၍အော်နေသော ကလေးကိုကြည့်ရင်း Lu ရယ်ချင်လာသည်…

' သားသား မကြောက်ပါနဲ့ … ထုံဆေးသုတ်ထားတယ်လေ အဲ့လောက်မနာပါဘူး '

' ဟင့်အင်း ဟင့်အင်း သားအဲ့ အပ်ကြီးနဲ့အထိုးမခံချင်ဘူး မမဒေါက်တာ သားဆေးပဲသောက်မယ်လေ နော် '

Lu သဘောကျစွာပြုံးလိုက်မိပြီး

' ဆေးသောက်မယ်ဆို ဆေးတွေကခါးခါးကြီးတွေနော် !တခါသောက်ရင် အများကြီးနဲ့ အချိန်အကြာကြီးသောက်ရမှာ …
သားသား…အဖျားမြန်မြန်ပျောက်ပြီး သူငယ်ချင်းတွေနဲ့ ပင်လယ်ထဲဆင်းဆော့ချင်နေပြီ ဆိုရင်တော့
ဆေးထိုးရမယ် ဆေးထိုးလိုက်ရင် အဖျားပျောက်တာပိုမြန်မှာ ..'

Lu ပြောပြလိုက်တော့ လူနာကလေးလေးက ခပ်တွေတွေလေးဖြစ်သွားကာ စဉ်းစားနေပုံရသည်…

' ထုံဆေးနဲ့ဆို မနာတော့ဘူးလားဟင်?'

Lu ပြုံးရင်း ခေါင်းညိမ့်ပြလိုက်တော့ …

' အာ့ဆို ဆေးပဲထိုးပါတော့ မမဒေါက်တာရယ်
ဖျားတာမြန်မြန်ပျောက်ချင်ပြီ .. ဆောဂျင်းတို့ မင်းဂုတို့က ဆော့ဖို့လာလာခေါ်နေတာ ဖျားနေလို့မလိုက်ရတာ ၂ ရက်တောင်ရှိပြီ
ပူရတဲ့ကြားထဲ ဒီအနွေးထည်ကြီးကလဲဝတ်ထားရသေး ပင်လယ်ထဲလဲ သွားမဆော့ရနဲ့
ဖျားတာမကောင်းဘူး '

မျက်နှာလေးမှိုင်ကျကာ ပြောနေသော ကလေးလေး၏ ပုံစံကြောင့် Lu အသည်းယားသွားကာ ပါးလေးကိုဖွဖွလေးဆွဲဖြှစ်မိသည်…

လူနာ ကလေးလေးပြန်သွားတော့ Lu နာရီကိုတချက်လှမ်းကြည့်မိသည်…

Omo ! ညနေ ၃ နာရီတောင်ခွဲပြီ …

ဒီနေ့စောစောပြန်မယ် စိတ်ကူးထားခါမှပဲ

' ဦးလေးဂျောင်ရေ Lu…ပြန်ပြီနော် '

Lu သိမ်းစရာရှိတာတွေ မြန်မြန်သိမ်းရင်း
ဆေးခန်းပိုင်ရှင်ဦးလေးကြီးတို့လင်မယားကြား
အောင် အော်ပြောလိုက်သည်

' အေး အေး LuLu ရေ ! ပြန်တာတောင်နောက်ကျပါလား?'

' ဟုတ် ! ကပ်သီးလေး လူနာတယောက်ရောက်လာလို့ ! ဦးလေးဂျောင်
Lu သွားပြီနော် ~ '

OUR TOMORROW..Where stories live. Discover now