Episode 21

1.2K 70 19
                                    

suggested songs:
🌷' Our Tomorrow ' by LuHan
🌷 ' Beautiful ' by BaekHyun

🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽

' Ahhh~~~ '

Sehun ...အိမ်ပြန်ရောက်ရောက်ချင်းပဲ
အိပ်ခန်းထဲတန်းဝင်ကာ...
အိပ်ရာပေါ်ကို ဘုန်းခနဲ လှဲချလိုက်မိသည်...

အခုမှ လူက နေရာမှန်ကိုပြန်ရောက်သွား
သလို...

ပင်ပန်းသည်...

photo shooting လေးတွေပေမဲ့
၎ ခုလောက်ဆက်သွားတဲ့အခါမှာတော့
လူက ပြုံးဖို့တောင် အားမရှိတော့...။

တနေကုန် မီးရောင်တွေနဲ့ မျက်နှာချင်းဆိုင်ခဲ့
ရတော့ မျက်လုံးတွေလဲ ကျိန်းစပ်လို့နေသည်

မနက်ဖြန် Chanyeol ရဲ့ Wedding တော့
ဆက်ဆက်သွားချင်တာမို့
နှစ်ရက်ပေါင်း schedule တွေ တစ်ရက်ထဲအပြီး
လုပ်ခဲ့ခြင်း။

Chanyeol... အာ... ဒီနေ့ ညစာစားပွဲတောင်
ဖိတ်ထားသေးတာပဲ...

Hun ရုတ်တရက် သတိရသွားပြီး
လက်ကောက်ဝတ်က
နာရီကိုကြည့်လိုက်မိတော့
ည ၈ နာရီခွဲနေပြီ...

မနက်ဖြန်က Wedding ရှိတာမို့
အချိန်ကိုစောစောလုပ်မယ်လို့လဲ
ပြောထားခဲ့တာ...

အခုသွားလဲ မမှီနိုင်လောက်တော့...
မတတ်နိုင်...
Chanyeol ဆီကို
မနက်ဖြန်မှပဲ ဆက်ဆက်လာခဲ့ပါ့မည့်
့်အကြောင်းဖုန်းဆက်ဖို့ ဖုန်းကိုထုတ်ကြည့်လိုက်မိတော့... လွန်ခဲ့သော နှစ်နာရီလောက်က
Chanyeol ဆီက ဝင်ထားသော missed call
တွေနဲ့ message တစ်စောင်...။

ph ပြန်ခေါ်ဖို့ လက်က နှိပ်မယ်လုပ်ပြီးမှ
message ကို ဝင်ဖတ်လိုက်မိတော့...

' အကုန်ရောက်နေပြီ မင်းမလာသေးဘူးလား?!'

စာနဲ့အတူ Chanyeol ပို့ထားတာက
ဓာတ်ပုံတစ်ပုံ ။

ညစာစားပွဲမှာရိုက်ထားတဲ့
selfie group photo တစ်ပုံ...။

မျက်လုံးထဲဝင်လာတဲ့ထောင့်ကျကျ တစ်နေရာက အရိပ်လေးတစ်ခုဆီ အကြည့်ပို့မိတော့...

နှလုံးသားက အသိပေးသလို ဒိန်းခနဲ
တချက် ဆောင့်ခုန်လာခဲ့သည်။

အမြင်အာရုံထဲ
screenပေါ်ကဓာတ်ပုံတဖြေးဖြေးဝါးလာတော့မှ
Hun မျက်လုံးကို အကျီ င်္နဲ့ ပွတ်သုတ်လိုက်ရင်း
အပေါ်ထပ်ကုတ်နဲ့ကားသော့ ကိုဆွဲကာ
အပြင်ကိုအမြန်ပြေးထွက်လာခဲ့မိတော့သည်...။

OUR TOMORROW..Where stories live. Discover now