Episode 14

3.2K 272 8
                                    

Lu ဆေးရုံကနေ နားရက် တစ်ပတ် ပေးပေမဲ့ သုံးရက်လောက်ပဲယူခဲ့သည်…

Lu ကိုယ့်ကိုကိုယ်သိသည်လ …တစ်ပတ်လုံးအနားယူဖို့လောက်ထိမလိုမှန်း…

' Aunty !  Lu  ဟင်းရွက်တွေရေဆေးလိုက်မယ်နော် !'

Lu Kitchen ထဲကိုဝင်ပြီး ဟင်းရွက်တွေဆေးမယ်လုပ်လိုက်တော့…Aunty Byun ကပျာပျာသလဲနှင့်…

' အမလေး lu လေးရယ် နားဖို့ ခွင့်ယူထားတာကို နားနားနေနေ နေစမ်းပါကွယ် ဒါတွေ Aunty နေ့တိုင်းလုပ်နေကြ !'

' Lu က နေကောင်းနေပါပြီ Aunty ရဲ့ ဒီလောက်ကတော့ လုပ်နိုင်ပါတယ်…Aunty ဆိုင်ကိုသွားရဦးမှာမလား…ဒါတွေ Lu လုပ်ထားလိုက်မယ် နေ့လည်စာလဲ lu ပဲချက်ထားလိုက်မယ် Aunty သာ နေ့လည်စာ အိမ်ပြန်စား နော်!'

Lu ပြောလွန်းတော့ Aunty Byun လဲ lu ကို အိမ်အလုပ်တွေ သိပ်မလုပ်ဖို့ , ဆေးသောက်ဖို့ ,နားဖို့ တဖွဖွ မှာရင်း သူဖွင့်ထားတဲ့ Coffee shop လေးကို ထွက်သွားတော့သည်…

မလုပ်တာကြာတဲ့ အိမ်အလုပ်တွေ လုပ်လိုက်တော့ အိမ်အလုပ်ဆိုတာ ပြီးစီးတယ်လို့ကို မရှိ…

Lu နဲ့ Baek တို့ အလုပ်သွားနေတဲ့ချိန် တယောက်တည်း ဆိုင်တဖက်နှင့် ဒီလို အိမ်ကိုလဲသန့်ရှင်းအောင် ပြည့်စုံအောင် ထိန်းသိမ်းထားနိုင်တဲ့ Aunty Byun ကိုချီးလဲကျူးသလို တဆက်တည်း Lu ဘာမှမလုပ်ပေးနိုင်တောင် Lu အပေါ် အချစ်မပျက် အမေရင်းလို ဂရုစိုက်တဲ့ Aunty Byun ကို အရမ်းလဲ အားနာမိသည်…

Lu ဘဝမှာလဲ သူများတွေဆီပဲ ကျေးဇူး ကြွေး တင်နေရပြီး lu ဘက်က ခုချိန်ထိ ဘာမှပြန်မပေးနိုင်သေးဘူး …

သူများကို မမှီခိုပဲ ကိုယ့်အားကိုယ်ကိုး ချင်တဲ့ lu ပေမဲ့  ခုချိန်ထိ သူများတွေရဲ့ အကူအညီအရိပ် အောက်ကနေ မကင်းလွတ်နိုင်သေးဘူး…

lu ကိုယ့်ဘဝကိုယ်တွေးနေမိရာမှ.…စားပွဲပေါ်တင်ထားတဲ့ ph ထမြည်လာတာကြောင့် ကြည့်လိုက်တော့…

unknown contact

' yorpawsayo…?'

*********************

lu မှန်တံခါးလေးကို တွန်းဖွင့်ပြီး ElDorado cafe ထဲဝင်ခဲ့သည်…

ပြီးတော့…ထောင့်ကျကျ စားပွဲခုံတခုကိုရွေး ထိုင်လိုက်ပြီး…Americano တခွက်မှာလိုက်ကာ…နာရီကိုတချက်ကြည့်လိုက်သည်…

OUR TOMORROW..حيث تعيش القصص. اكتشف الآن