Episode 18

2.1K 179 13
                                    


' ကျွန်တော် တောင်းပန်ပါတယ် Daddy… ဒါပေမဲ့ ကျွန်တော် လုပ်ခဲ့တာကိုနောင်တမရဘူး.'

' နောင်တမရဘူး ဆိုတော့ မင်းလုပ်ရပ်ကို မှန်တယ်လို့ ယူဆနေတာလား? Oh Sehun!
မင်းက သိပ်မှန်နေတယ်ပေါ့လေ ဟုတ်လား!'

ပြောရင်း ဒေါသဖြင့် ကျယ်လောင်လာသော Mr.Oh ၏ အသံက ဧည့်ခန်းမကျယ်ကြီးထဲ ပဲ့ထင်ထပ်သွားသည် …

ဟုတ်ပါသည်… စေ့စပ်ပွဲ ပျက်သွားခဲ့သည် …

အခမ်းအနားမှ သတို့သား ပြေးထွက်သွားသော စေ့စပ်ပွဲမျိုးသည် ပျက်ရုံကလွဲလို့ တခြားရှိပါဦးမည်လား…

စေ့စပ်ပွဲက Hun လုပ်ရပ်ရဲ့ အကျိုးဆက်တွေကတော့ မနည်းမနောပင် …

ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှ
လူ့သဘာဝအတိုင်း
ကဲ့ရဲ့မည်
ရှုံ့ချမည်
ပြစ်တင်မည် …

တိုးတိုးတမျိုး… ကျယ်ကျယ်တဖုံ အတင်းအဖျင်းစကားများက ဂုဏ်သရေရှိအသိုင်းအဝိုင်းမှဖြစ်သော
Daddy တို့လို လူကြီးတွေအတွက်ကတော့ အကြီးအကျယ်အရှက်ကွဲမှုမျိုး…

ထို့ထက်ဆိုးသည်က …
Hun ဘက်ကအလွန်ဖြစ်နေလေတော့…
မေးမြန်းလာသမျှ … ဖြေရှင်းရမည့် ကိစ္စ အားလုံးကို ခေါင်းခံဖြေရှင်းနေရသည်က
Daddy နှင့် Mommy …

Yoon Mi Rin တို့ ဘက်ကတော့ အကြီးအကျယ်စိတ်ဆိုး၍
နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့ရသည် ဆိုပါသော ခင်မင်ရင်းနှီးမှုကို
Daddy ၏ ဆေးရုံမှ သူတို့ပိုင်ဆိုင်သော share အကုန်ပြန်ထုတ်ယူသွားခြင်းဖြင့် ဖြတ်တောက်ပစ်လိုက်ကြသည်…

ထို့ပြင်… Hun နဲ့ Mi Rin ရဲ့ စေ့စပ်ပွဲအမည်ခံ ဆေးရုံသစ်တစ်ခု တိုးချဲ့ဖွင့်လှစ်ရေးစီမံကိန်းသည်လည်း
သဲထဲရေသွန်ဖြစ်ခဲ့ရမှတော့

Daddy ဒီလောက် စိတ်ဆိုးနေတာ အလွန်တော့လဲ မဟုတ် ဟုတွေးမိပါသည်…

Yoon Mi Rin … သူမကိုတော့ Hun ကျေးဇူးတင်မိသည် …

သူမကြောင့်သာမဟုတ်ရင် Lu ရဲ့ ခံစားချက်အမှန်တွေကို Hun ဘယ်တော့မှသိခွင့်ရမှာမဟုတ်တော့ဘူးလေ…

ခုချိန်မှာ ကမ္ဘာ့အပျော်ရွှင်ဆုံးလူသားဟာ ကျနော် Oh Sehun ပါလို့ ကြွေးကြော်မိရင် တခြားသူတွေတော့မသိ…
အခု Hun ရှေ့ တည့်တည့်မှာထိုင်နေသော Daddy ကအရင် ထသတ်မှာတော့ သေချာပါသည် ..

OUR TOMORROW..Where stories live. Discover now