အပိုင်း - ၂ [ U ]

2.7K 474 25
                                    

[ Unicode ]

                                 (17)

ဒီတစ်ကြိမ်မှာတော့ သံသယလွန်ကဲနေတာ
ငါတစ်ယောက်တည်း ဟုတ်ပုံမပေါ်ဘူး။
ရွှယ်ယောင်ကျူ့ကလည်း ငါ့နောက်ကိုလိုက်ဖို့
လူတွေလွှတ်ထားတယ်လေ။ လောလောဆယ်
အဲဒီသူတွေက ငါ့နေရာရဲ့အပြင်ဘက်မှာ ရှိနေ
ကြတယ်။

နောက်ပိုင်းကျရင် ငါ အိမ်မှာမရှိတာကို သူတို့က
အခွင့်ကောင်းယူပြီး၊ အိမ်ထဲ ဖောက်ဝင်ရင်
ဘယ်လိုလုပ်မလဲ။ နောက်ပြီး လုံခြုံရေး
ကင်မရာတွေ တပ်ထားခဲ့မယ်၊ နေရာတိုင်းမှာ
အသံဖမ်းကိရိယာတွေ ထားခဲ့မယ်ဆိုရင်ရော...။

ငါ အချိန်အတော်ကြာ ခက်ခက်ခဲခဲစဥ်းစား
လိုက်ပေမယ့် ရွှယ်ယောင်ကျူ့က ငါ့အတန်းဖော်
ဆိုတာကို မမှတ်မိနိုင်သေးဘူး။ နောက်ပြီး ငါ
သူ့ရဲ့ bad side ကို ဘယ်လိုလုပ် သိသွားခဲ့
တာတုံး။

အမှန်အတိုင်းပြောရရင် ငါ ကလေးတုန်းက
တော်တော်အရိုင်းဆန်ပြီး မောက်မာခဲ့တာ။
ငါက ဘယ်အရာကိုမှ မကြောက်တတ်တဲ့အပြင်၊
ငါ စိတ်လှုပ်ရှားတက်ကြွနေတဲ့အချိန်ဆိုရင်
သဘောတရားတွေကို ခွန်းတုံ့ပြန် ကျိန်ဆိုရဲတဲ့
အထိ သတ္တိရှိခဲ့တာ။ ဒါပေမယ့် ငါက
စကားထစ်တတ်သူကိုတော့ အနိုင်မကျင့်ခဲ့
ပါဘူးနော်။

                               (18)

သူတို့တွေ စောင့်ကြည့်ကင်မရာတပ်ထားမှာကို
ငါ ကြောက်ပေမယ့်လည်း၊ ငါ ရဲဝံ့စွာနဲ့
အလုပ်သွားဖို့ အပြင်ထွက်လာရတယ်။

ငါလည်း ဆင်းလာရော၊ စောင့်နေတဲ့သူ
တစ်ယောက်က ကားထဲကနေ အမြန်ထွက်လာပြီး
မေးတော့တယ်။
"ရန်ကော...အလုပ်သွားတော့မလို့လား?
အစောကြီးပဲ၊ ကျွန်တော်တို့ လိုက်ပို့ပါ့မယ်"
.
.
.
ငါ့မှာ ပိုက်ဆံမရှိဘူးနော်!
ဘဏ်အကောင့်ထဲ စုထားတဲ့ငွေတွေက
ငါ့ညီလေးနဲ့ ညီမလေးအတွက်ကွ! သူတို့က
အခုမှ မူလတန်းတက်နေတုန်းလေ! တစ်နေ့နေ့မှာ
ငါ ရုတ်တရက် သေသွားခဲ့ရင် ငါ့ညီလေးနဲ့
ညီမလေးက ဒီငွေတွေနဲ့ပဲ အသက်ဆက်ရမှာ!

လောလောဆယ် ငါ့အမူအရာက ဘယ်လို
ဖြစ်နေမလဲ မသိပေမယ့် ထိုသူက အနောက်ကို
နည်းနည်းဆုတ်သွားကာ...
"ရန်ကော၊ ကျွန်တော်တို့က အန္တရာယ်ပြုမလို့
မဟုတ်ပါဘူး၊ 'ယောင်ကော'က ကျွန်တော်တို့ကို
ကူညီခိုင်းထားတာပါ၊ သူ ဒီနေ့ အလုပ်များနေလို့၊
ပြီးရင်တော့ လာပါလိမ့်မယ်"

လွတ်လပ်တဲ့ ရန်ယိကု || ဘာသာပြန် [COMPLETED]Where stories live. Discover now