အပိုင်း - ၁၀ [ U ]

1.4K 319 3
                                    

【 Unicode 】

                                 (188)

ငါ တစ်ဖက်သတ်ယုံကြည်ထားတယ်။
ရွှယ်ယောင်ကျူ့က ငါ့လိုအရူးနဲ့တွဲမိတာကို
နောင်တရလိမ့်မယ်လို့။ အခု သူက ငါနဲ့ပြတ်စဲဖို့
နည်းလမ်းတွေကြံဆနေတာ ဖြစ်နိုင်တယ်။
ဒါပေမယ့် ငါက စိတ်အခြေအနေသိပ်မကောင်း
တော့၊ ရွှယ်ယောင်ကျူ့က စိုးရိမ်တာဖြစ်လိမ့်
မယ်။ငါ သူ့ကိုလမ်းခွဲမပေးမှာ၊ ဒါမှမဟုတ် ငါ
တိုက်ခိုက်မှာကိုပေါ့။ အကယ်၍ ရွှယ်ယောင်ကျူ့
ကို ထိခိုက်အောင်လုပ်ပြီးမှ၊ တရားရုံးရောက်တော့
ငါ အရူးတစ်ယောက်ပါလို့ပြောလိုက်ရင်၊
ငါ့ကို ဥပဒေအရ အရေးယူဖို့မဖြစ်နိုင်ပေဘူး!
ဒါကြောင့် ရွှယ်ယောင်ကျူ့က ငါ့ကို အရင်ဆုံး
ဖြတ်ချင်တာ! သူ ကြေးစားသမားတွေကိုငှားပြီး
ငါ့ကို လုပ်ကြံနိုင်တယ်! ဒီသဘောတရားမှာ
ဟာကွက်မရှိဘူး!

                               (189)

ရွှယ်ယောင်ကျူ့ အတိတ်ဘဝတုန်းက
ဘာမကောင်းမှုကိုလုပ်ခဲ့လို့...ငါ့လိုရည်းစားမျိုးနဲ့ဆုံစည်းပါလိမ့်။

                               (190)

ရွှယ်ယောင်ကျူ့က ငါ့ကို အဲ့လိုနာကျင်စေမှာ
မဟုတ်ဘူး၊ ဒါက ငါ့ခေါင်းထဲမှာ တစ်ချိန်လုံး
ရှိနေတဲ့အရာ။

ဆိုပေမယ့် ငါ ​စိုးရိမ်နေတုန်းပဲ( ဒီအတိုင်း
ကြောက်နေမိရုံ )

ဒါကြောင့် ငါ ဒီကိစ္စကို အလေးအနက်တွေးကာ
သူ့ကို သဲလွန်စတွေပေးဖို့ဆုံးဖြတ်လိုက်တယ်။
တကယ်လို့ ရွှယ်ယောင်ကျူ့က ငါ့ကိုလမ်းခွဲရင်
တောင်၊ ငါ သူ့ကို သေချာပေါက် အနှောင့်အယှက်
ပေးမှာမဟုတ်ဘူးလို့။ ဒါကြောင့် ကျေးဇူးပြုပြီး
ငါ့ကို မထိုးကြိတ်ပါနဲ့။ ငါ စိတ်ရင်းနဲ့တောင်းပန်တဲ့
အထိမ်းအမှတ်အဖြစ် ရွှယ်ယောင်ကျူ့ကို
အာဟာရဖြစ်စေမယ့် အစားအစာတွေနဲ့
ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေဝယ်ဖို့
ပိုက်ဆံနည်းနည်းပေးနိုင်သေးတယ်နော်။

ရွှယ်ယောင်ကျူ့က ငါ့ကို ဖုန်းပြန်ခေါ်တယ်။

"ဒီနှစ်ရက်မှာ၊ ငါ-ငါ နည်းနည်း အလုပ်ရှုပ်နေလို့၊
ဒီညတော့ ငါ အိမ်ပြန်လာဖြစ်မယ်၊ ဒါ-ဒါကြောင့်
ကိစ္စတွေနဲ့ပတ်သက်ပြီး၊ အ-အတွေးမလွန်နဲ့"

လွတ်လပ်တဲ့ ရန်ယိကု || ဘာသာပြန် [COMPLETED]Where stories live. Discover now