အပိုင်း - ၉ [ U ]

1.6K 321 1
                                    

【 Unicode 】

                                 (179)

ငါ့သူငယ်ချင်းကို ပြောပြလိုက်တယ်။
ငါ လူကောင်းတစ်ယောက်နဲ့တွဲနေပြီး အခု
အဲဒီလူကိုဖြတ်ပစ်ဖို့ စဥ်းစားဆဲအခြေအနေလို့။

ငါ့သူငယ်ချင်းက အစက်အတန်းရှည်ကြီးကို
ပြန်ပို့လာတယ်။

သူငယ်ချင်းက ငါ့ကို ရူးသွားပြီလားဆိုပြီး
မေးချင်တာဖြစ်နိုင်တယ်။ ဒါပေမယ့် အဲဒီနောက်
သူ အမှတ်ရသွားတာက ငါတကယ်ရူးနေတယ်
ဆိုတဲ့အချက်ပဲ။ ဒါကြောင့် သူ ဘာပြောရမှန်း
မသိတော့တာ။

ခဏအကြာ ငါ့သူငယ်ချင်းက စာပြန်တယ်။

သူငယ်ချင်း : ဘာကိုမှ မိုက်မိုက်မဲမဲ,မလုပ်နဲ့ဦး။

သူငယ်ချင်း : အရင်ဆုံး...

သူငယ်ချင်း : ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ
                    ငါ့ကိုပြောပြ၊ ဟုတ်ပြီလား?

ငါ : ရည်းစားတစ်ယောက်ရပေမယ့် ငါ သူ့ကို
      ဘာလို့တွဲနေမိမှန်း နားမလည်ဘူး။

နောက်တစ်ကြိမ်ထပ်ပြီး ငါ့သူငယ်ချင်းက
အတော်ကြာအောင် ဘာမှပြန်မဖြေပေ။
ဖြစ်နိုင်တာက သူ ငါ့ကမ္ဘာကိုနားလည်နိုင်ဖို့
အခက်ခဲဆုံးကြိုးစားနေရပုံပဲ။

ငါ့သူငယ်ချင်းက အဖြေမရှာနိုင်ချိန်၊
စာပြန်ပို့လာတယ်။

သူငယ်ချင်း : မင်းက ဘယ်လို date လုပ်မလို့လဲ။

သူငယ်ချင်း : ဘယ်လိုတွဲတာမျိုးကို အဓိပ္ပါယ်
                   သတ်မှတ်ချင်တာလဲ?

ငါလည်း မသိဘူး။ ငါ ကလေးရနိုင်တာမျိုးမဟုတ်သလို၊ ရွှယ်ယောင်ကျူ့လည်း ကလေးမရနိုင်တာ
အထင်အရှား။ ငါတို့နှစ်ဦးအတူရှိနေခြင်းက
လက်တွဲဖော်လိုအပ်တဲ့လူသားတွေရဲ့သဘာဝ
စိတ်ဆန္ဒဖြစ်ပြီး အပြန်အလှန်စောင့်ရှောက်ပေးတဲ့ကိစ္စသက်သက်ပဲ။

သူငယ်ချင်း : ဒါဆို မင်း ဘာကိုလိုချင်သေးလို့လဲ။

ငါလည်း မသိဘူး!
ငါ ဘာလုပ်ချင်လဲ၊ ဘာလုပ်နိုင်မလဲ၊
ဘာလုပ်သင့်လဲ၊ ဘယ်ကလာသလဲ၊ ဘယ်ကို
သွားမှာလဲ၊ ဘာ​လို့အသက်ရှင်နေတာလဲ၊
ဘာ​ကြောင့် သေဆုံးရမှာလဲဆိုတာတွေကို
ငါ မသိတော့ဘူး!!

လွတ်လပ်တဲ့ ရန်ယိကု || ဘာသာပြန် [COMPLETED]Where stories live. Discover now