Extra 3 - ဒုတိယပိုင်း [ U ]

2.3K 338 39
                                    

【 Unicode 】

ရွှယ်ယောင်ကျူ့ရဲ့အဖေက အံ့သြလွန်းကာ
ဘာပြောရမှန်းမသိဘဲ ဖြစ်နေတုန်း။

ရုတ်တရက်ကြီး..သားဖြစ်သူက ဧည့်ခန်းထဲမှ
အဝတ်တွေကို ခုတင်ပေါ်ပစ်ချလိုက်တယ်။
ပြီးလည်းပြီးရော ကောင်လေးတစ်ယောက်
ရောက်လာကာ သူ့ကိုယ်သူ ဝမ်ပေ့ရဲ့အတန်းဖော်
လို့ မိတ်ဆက်တယ်။ ဒါပေမယ့် ဝမ်ပေ့က
ဘယ်သူတုံး...

ထိုကောင်လေးက သစ်သီးပန်းကန်ကိုသယ်လာပြီး
ခုတင်ဘေးမှာ ချထားလိုက်ကာ၊ မသိရင်
သူ့အိမ်လိုမျိုးပြုမူရင်း လိုက်ကာတွေကို ဆွဲဖွင့်ခဲ့
တယ်။ ထိုကောင်လေးက ဝရန်တာဆီ သွားကာ အဝတ်တွေကိုလှန်းပေးပြီးနောက် ခုတင်ဘေးမှာ
လာထိုင်ရင်း စိတ်အားထက်သန်စွာ တတွတ်တွတ်
စကား​ဆိုနေခဲ့သေးတယ်။ ထိုကောင်လေး
ပြောနေတာက..ဝမ်ပေ့က ကျောင်းမှာ
ပါဝင်လှုပ်ရှားကြောင်း၊ ကျောင်းအားကစားပွဲ
တွေကိုလည်း ဆင်နွှဲကြောင်း၊ စားပွဲခုံရွှေ့ရာမှာ အတန်းဖော်တွေကို ကူညီပေးခဲ့ကြောင်း။

ဒါနဲ့ ဝမ်ပေ့ဆိုတာက ဘယ်သူကြီးလဲ?

ရွှယ်ယောင်ကျူ့က သူ့အဖေရဲ့အကြည့်မှ
တစ်ဆင့် အော်ဟစ်အကူအညီတောင်းသံကို
လက်ခံရရှိတာကြောင့် တိတ်တိတ်လေး
ခေါင်းယမ်းကာ၊ သူ့ကိုနောက်ကျောပေးထားတဲ့
ရန်ယိကုဆီ ညွှန်ပြပြီး သူ့ခေါင်းသူ လက်ညှိုးထိုးလိုက်တယ်။

ရွှယ်ယောင်ကျူ့ရဲ့အဖေခမျာ ရှော့ခ်ရသွား
ပြန်ပြီ။

ရွှယ်ယောင်ကျူ့လည်း အခု ဘာတွေးနေမိလဲ
ဆိုတာ တိတိကျကျမပြောတတ်ပေမယ့်၊
သူ နည်းနည်း မပျော်ရွှင်တာဖြစ်နိုင်တယ်။

ရွှယ်ယောင်ကျူ့က အခုထိ ဒီဖြစ်နိုင်ခြေကို
မတွေးခဲ့မိတာ။ ရန်ယိကုက ရွှယ်ယောင်ကျူ့ကို
ဘယ်သူမှန်း သေသေချာချာမသိဘူးပဲ။

ဒီမတိုင်ခင် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးက
တကယ်ကို တိုက်ဆိုင်မှုသက်သက်သာ။
အစောပိုင်းကတည်းက တိုက်ဆိုင်မှုဖြစ်မယ်လို့
ရွှယ်ယောင်ကျူ့ ကြိုတွေးပြီးသားဆိုပေမယ့်
သူ ဝမ်းနည်းမိတုန်းပဲ။

ဒီလိုဖြစ်နေပြီဆိုမှတော့..ရွှယ်ယောင်ကျူ့လည်း
ရှင်းပြဖို့ အင်မတန်ပျင်းရိသွားခဲ့ပြီ။

လွတ်လပ်တဲ့ ရန်ယိကု || ဘာသာပြန် [COMPLETED]Where stories live. Discover now