Extra 2 [ Z ]

697 83 4
                                    

【 Zawgyi 】

ရွှယ်ယောင်ကျူ့၏အတိတ်
_______________________________

ဒါနဲ့ပဲ ကြိုးတံတားကိုဖြတ်လျှောက်ရာမှာ
ရန်ယိကုက ရွှယ်ယောင်ကျူ့ကို လက်တွဲခေါ်ခဲ့တယ်။

တံတားကိုလည်း ဖြတ်ပြီးရော၊ ရန်ယိကုက
နောက်ထပ်ဘာမှမ​ပြောခဲ့ဘူး။ အဲဒီနောက်
ရန်ယိကုက လက်ပတ်နာရီကို ငဲ့ကြည့်ကာ
'bye'လို့ပြောပြီး၊ သူ့သူငယ်ချင်းတွေကို တွေ့ဖို့
အပြေးအလွှား ရှေ့ဆက်သွားတော့တယ်။

ဒီလောက်ပါပဲ။

တစ်နေ့မှာ ရွှယ်ယောင်ကျူ့က စာသင်ချိန်ကို
အကျိုးရှိရှိအသုံးချရင်း အိမ်စာလုပ်နေစဉ်
ဘေးမှစကားသံတစ်သံက ရုတ်တရက်ထွက်ပေါ်
လာခဲ့တယ်။
"မင်းတွက်တာ မှားနေတယ်၊ ဟုတ်တယ်မလား?"

ရွှယ်ယောင်ကျူ့ လှည့်ကြည့်လိုက်တယ်။
စာသင်ခန်းထဲရှိ ပြတင်းပေါက်ရဲ့ဘောင်ပေါ်မှာ
ရန်ယိကုက ခြေတွဲလောင်းချကာ ထိုင်နေခဲ့တယ်။
ရန်ယိကုက ရွှယ်ယောင်ကျူ့ရဲ့အိမ်စာကို
လက်ညှိုးထိုးလိုက်ပြီး-

"မင်း factor ကို မှားရေးထားတယ်"

ရွှယ်ယောင်ကျူ့က ရန်ယိကုကို တိတ်တဆိတ်
စိုက်ကြည့်လျက် လှုပ်ရှားမှုမရှိဘဲ စကားလည်း
တစ်လုံးမှမဆိုပေ။

ရန်ယိကုက ရွှယ်ယောင်ကျူ့ကို ထပ်မံပြုံးပြပြီး
ပြောတယ်။
"ဆောရီး၊ ငါ ဒီအတိုင်းပဲ မြင်မိသွားလို့"

ရွှယ်ယောင်ကျူ့က ခေါင်းငုံ့ကာ မေးခွန်းကို
နောက်တစ်ကြိမ်ပြန်တွက်လိုက်တယ်။

ရန်ယိကုက ရွှယ်ယောင်ကျူ့ကို ဆက်ပြီး
အာရုံမထားတော့ဘဲ၊ စာသင်ခန်းထဲမှာရှိနေတဲ့ အတန်းဖော်တစ်ဉီးကို အော်ပြောလိုက်တယ်။

"ကျန့်ချန်! ခဏလာပါဉီး၊ အားကစားရုံရဲ့
သော့တွေက မင်းဆီမှာလား"

[ ကျန့်ချန် = အပိုင်း ၁ မှာတုန်းက ရန်ယိကု
နာမည်ကို ညာပြောခဲ့တာလေ၊ တကယ်တော့
သူ့သူငယ်ချင်းရဲ့နာမည်ပါ ]

ရွှယ်ယောင်ကျူ့က ထိုအပုဒ်ကိုပဲ နောက်ထပ်
ပြန်တွက်နေတယ်။ သူ တွက်ပြီးချိန်မှာ
လှည့်ပတ်ကာ ပြတင်းပေါက်အပြင်သို့
ကြည့်လိုက်တော့..စင်္ကြန်မှာ ရန်ယိကုက
ကျန့်ချန်ကို တစ်ခုခုပြောနေတာ တွေ့ရတယ်။
ရန်ယိကုရဲ့လက်က ကျန့်ချန်ပခုံးကို သိုင်းဖက်
ထားလျက်။ ရန်ယိကုက ရယ်ရယ်မောမောစကားပြောနေပြီး၊ ဒီလိုရယ်သံမျိုးက အတော်လွတ်လပ်ပေါ့ပါးကာ ရွှင်မြူးဖွယ်ဖြစ်လို့နေတယ်။

လွတ်လပ်တဲ့ ရန်ယိကု || ဘာသာပြန် [COMPLETED]Where stories live. Discover now