Part 2

1.8K 129 16
                                    

Unicode

"အိမ်မက် အိမ်မက်လား"

ဂျီအွန်း ကိုယ့်ပါးကို ပြန်ဆွဲဆိတ်လိုက်တယ်

"အ အိမ်မက်မဟုတ်ဘူးဘဲ အဲ့ဒါဆို ဘာလဲ တကယ်ကြီးလား"

'တကယ်ကြီး ငါ့ဆုတောင်းကပြည့်သွားတာလား'

တကယ်သာဖြစ်သွားရင်တော့ ပျော်တာပေါ့
ဒါပေမယ့် တကယ်မဟုတ်ရင်ဆိုတဲ့ စိတ်က ကြီးစိုးနေတော့ ကြောက်နေမိတယ်

"အိပ်လိုက်မယ် အိပ်လိုက်ရင်တော့ သေချာသိသွားမှာဘဲ"

ဂျီအွန်းလည်း ဘာမှ မစဉ်းစားတော့ဘဲ အိပ်လိုက်တယ်
စိတ်ထဲမှာတော့ တကယ်ဖြစ်ဖို့ကို ဆုတောင်းရင်း

---

မှောင်နေတဲ့ လောကကြီးတစ်ခုလုံး မျက်လုံးဖွင့်လိုက်တာကြောင့် လင်းလာပြီး ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်တယ်
မအိပ်ခင်ကအတိုင်းဘဲ ဘာမှ မပြောင်းလဲဘူး

"ဒါ ဒါဆို တကယ်ကြီးပေါ့ အားး ပျော်လိုက်တာ"

လောကကြီးက သူမကို အခွင့်အရေးပေးလိုက်တာဘဲ
စိတ်ချပါ ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချပြီး ဒီကမ္ဘာမှာ သူနေချင်တဲ့ ဘဝ အတိုင်းနေထိုင်ပါ့မယ်

ဂျီအွန်းလည်း တစ်နေ့လောက် နားလိုက်ပြီးတော့ နောက်နေ့တော့ သူစုံစမ်းစရာရှိတာ စုံစမ်းရမယ် ဒီကမ္ဘာနဲ့ အသားကျအောင်
ဂျီအွန်း အိမ်က သူမရဲ့ အစေခံမလေးနဲ့ အတူတူ အပြင်လောကကို ကြည့်ဖို့ ထွက်လာလိုက်တယ်

"မမလေး နေကောင်းသွားတာသေချာရဲ့လား"

"သေချာပါတယ် လုံးဝကောင်းသွားပြီ ဒါနဲ့ နင့်ကို မေးစရာတွေ ရှိတယ်"

"ဟုတ် မမလေး မေးပါ"

"ငါ့ကိုလေ ငါ့အကြောင်းတွေရယ် ငါမေးချင်တာ သိချင်တာတွေ ပြောပြပေးပါလား"

"ဟုတ်သားဘဲ မမလေး က အတိတ်မေ့နေတာဆိုတော့ ကိုယ့်အကြောင်းကို ဘယ်မှတ်မိပါ့မလဲနော် ကျွန်မပြောပြပါ့မယ်"

"Ok"

"အို အို အဲ့ဒါ ဘာကြီးလည်း မမလေး"

"အာ ဟုတ်သားဘဲ ဒါက ဒီဘက်ခေတ်က စကားဘဲ"

The Moon's StarWhere stories live. Discover now