Part 27

441 32 10
                                    

Unicode

"နင်ညက တစ်ညလုံးညီးနေတာ အဲ့ဒါငါအိပ်ရေးပျက်တယ် အဲ့ဒါနင်သိလား ဂင်ဗြော"

"..."

"ဂင်ဗြော! နင်တမင်လုပ်တာမဟုတ်လား!"

"..."

သူမစိတ်တို့မရှည်တော့။

"ရားးး!!! ဂင်ဗြော!!!"

"ဟမ် အော် အင်း sorry"

"လူနားလည်အောင်ပြော နင်ညကကိစ္စကတမင်လုပ်တာမလား"

ဗြော အဖျားအနည်းငယ်ရှိပြီး ခေါင်းဟာလည်းမူးနေသည်။
အဲ့ဒါကြောင့်ရော ညကအိမ်မက်ကြောင့်ပါ စိတ်ကသိပ်မကြည်။အဲ့ဒါကို ဂျန်းမီဆွန်းကပြဿနာလာရှာနေပြန်သည်။
ဟူးး

"မဟုတ်ဘူး ငါတမင်လုပ်တာမဟုတ်ဘူး ညကငါအဖျားတွေတက်နေလို့အဲ့ဒါကြောင့် အဲ့ကိစ္စအတွက်ငါတောင်းပန်ပါတယ်"

"တမင်လုပ်မလုပ်ကိုတော့ ကာယံကံရှင်ကပိုပြီးသိမှာပေါ့"

တောင်းပန်တာတောင် လာခနဲနေသေး။
ဗြောလည်း ပြန်ခံပြီးတုမနေတော့။

ဘန်ဟွာယောင်းကတော့ ဘာတစ်ခွန်းမှဝင်မဆို သူ့ဘာသာသူသာနေနေသည်။အဲ့ဒါလည်းတစ်မျိုးကောင်းပါတယ်လေ။

"မမလေး ဖျားနေတာလားဟင်"

စိုးရိမ်ပူပန်စွာဖြင့်ရောက်လာကာ ဆိုလာသောဆိုရီရယ်ပါ။
အစေခံတွေနဲ့တစ်ခန်းစီခွဲအိပ်ရတာကြောင့် မနက်မှသာဆိုရီနှင့်တွေ့ရသည်။

"အင်း နည်းနည်းပါ"

မေးကလည်းမေး လက်ကလည်းနှဖူးပေါ်သို့ရောက်ပြီးသားဖြစ်သည်။

"ဘာနည်းနည်းလဲ ကိုယ်တွေပူခြစ်နေတာဘဲ မမလေး"

"ဘာမှမဖြစ်ပါဘူး နားလိုက်ရင်သက်သာသွားမှာပါ"

"အဲ့ဒါဆို မမလေးခနလှဲနေလိုက်ဦးနော် ကျွန်မဆေးသွားတောင်းပေးမယ်"

ဆိုရီ ဘယ်လောက်စိတ်ပူနေတယ်ဆိုတာကို ပြောနေစရာတောင်မလို။ဒီလိုကြောင့် ပိုပြီးသံယောဇဉ်တွယ်ရပြန်ပါသည်။

"အင်းအင်း"

စကားနဲ့သာဆိုလိုက်ရပါသည် လက်တွေ့မလုပ်လိုက်ရ။
အကြောင်းမှာ

The Moon's StarWhere stories live. Discover now