Part 28

425 30 16
                                    

Unicode

အချစ်ဇာတ်လမ်းတစ်ခုမှာ ဇာတ်လိုက်သုံးယောက်ပါဝင်မယ်ပေါ့။ဇာတ်လိုက်တစ်ဦးချင်းစီဟာ အချစ်ကိုအခြေပြုလျက် အချစ်တတ်ဆုံးလူသားတွေဖြစ်ကြ၏။
တန်ပြန်တုံ့ပြန်မှုကိုရတဲ့ချစ်ခြင်းရှိသလို တန်ပြန်တုံ့ပြန်မှုကိုမရတဲ့ချစ်ခြင်းလည်းရှိမယ်။
တန်ပြန်တုံပြန်မှုကိုမရတဲ့အခါမှာ အချစ်တတ်ဆုံးဖြစ်သည့်ဇာတ်လိုက်တစ်ဦးဟာ အချစ်လွန်ပြီး ထိုဇာတ်လမ်းမှာဗီလိန်ဖြစ်သွားလေရဲ့။
ချစ်တတ်လွန်းတာကြောင့် ဖြစ်သွားတဲ့ ဗီလိန်တစ်ဦး။
ဗီလိန်ဖြစ်သွားသည့်အလျောက် သူ့ရဲ့လုပ်ရက်တိုင်းဟာ စိုးသွမ်းသည်ဟု သမုတ်ကြမှာတော့အမှန်တွေပင်။

ဒါဆို အချစ်လွန်သွားလို့ဗီလိန်ဖြစ်သွားတဲ့သူကိုအပြစ်တင်ရမည်လော?ဒါမှမဟုတ်သူ့အားဤသို့ဖြစ်စေသည့် အချစ်ဆိုသည့်နာမ်အားအပြစ်တင်ရမည်လော?
အဖြေထုတ်ကြပါအံ့...။

🌟🌟🌟🌟🌟

ဗြော မူးလဲကာ မင်းကြီးကစိတ်ပူပြီးအပြေးလာသည့်ကိစ္စ၏ အကျိုးဆက်ကတော့ ဗြောနဲ့မင်းကြီးဟာတစ်ခုခုတွေဟူသည့် သတင်း နန်းတော်ထဲ၌ဟိုးလေးတစ်ကျော်ကျော်ဖြစ်သွားတော့သည်။

နန်းတွင်းသူတွေရဲ့ပါးစပ်ဖျားမှာတော့ ပြောမဆုံးပေါင် တောသုံးထောင်ဖြစ်နေ၏။

"နင်ဟိုသတင်းကြားပြီးပြီမလား"

"မင်းကြီးနဲ့ဂင်ဗြောဆိုတဲ့တစ်ယောက်ဟာမလား"

"အေး ဟုတ်တယ်"

ဤစကားဝိုင်းဟာတော့ မိဖုရားပြိုင်ပွဲကိုပါဝင်ယှဉ်ပြိုင်ကြတဲ့ မမလေးတွေ၏အစေခံတွေရဲ့စကားဝိုင်းဖြစ်သည်။

"သူတို့နှစ်ယောက်ကြားမှာတစ်ခုခုတော့ရှိမယ်ထင်တယ်"

"ရှိမယ်ထင်တယ်မဟုတ်ဘူး တကယ်ကိုရှိနေတာ"

"အေး ဟုတ်တယ် တစ်ခုခုတော့တစ်ခုခုဘဲ"

"နင်တို့အဲ့တုန်းက မင်းကြီးရဲ့မျက်လုံးတွေကိုမြင်လိုက်ကြတယ်မလား စိုးရိမ်စိတ်တွေနဲ့အချစ်တွေပြည့်နေတာလေ"

"ဟုတ်ပ ဟုတ်ပ မဟုတ်မှလွဲရော ဂင်ဗြောက မင်းကြီးကို သူမိဖုရားဖြစ်အောင်ဆိုပြီး ကပ်ပြီးဖားထားတာမဖြစ်နိုင်ဘူးလား"

The Moon's StarWhere stories live. Discover now