Part 18

541 41 8
                                    

Unicode

နှစ်ရက်၊သုံးရက် ခရီးဆက်ပြီးနောက်မှာတော့ သူ မြောက်မီလန်းသို့ရောက်ခဲ့ပြီ။

အင်အားကြီးနယ်မြေဖြစ်ပြီး မီလန်းမျိုးနွယ်စုများသာနေထိုင်သော ဒေသဖြစ်သည့်အလျောက် အဝတ်အစား၊နေပုံထိုင်ပုံ,စကားအပြောအဆိုတို့မှာ အများနှင့်မတူထူးခြားသည်။

"ရောက်လာကြပြီဘဲ"

သူတို့လာမှာကိုကြိုသိနေတာကြောင့် မီလန်းနယ်သို့ဝင်ဝင်ခြင်းပင် လာကြိုကြသည်။

"ကျွန်တော့်နောက်ကလိုက်ခဲ့ပါ အကြီးအကဲအိမ်ကိုလိုက်ပို့ပေးပါမယ်"

သူလက်ခံကြောင်းခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။
ထို့နောက်ထိုသူနောက်ကနေမှတစ်ဆင့်လိုက်လာခဲ့လိုက်သည်။

မီလန်းသည်လည်း ရွာပုံစံမျိုးပင်ဖြစ်သည်။
ရွာ ပါဘဲ။
အိမ်လေးများသူ့အစုနှင့်သူဆောက်ထားကြသည်။

ရွာလမ်းတစ်လျှောက်ဝင်လာတော့ သူတို့ကိုအိမ်တွေတိုင်းကထူးဆန်းသူများသဖွယ်ထွက်ထွက်ကြည့်ကြသည်။
ဝတ်ဆင်ထားကြသောအဝတ်အစားများမှာ တိရစ္ဆာန်သားရေ အမွှေးများဖြင့်ချုပ်လုပ်ထားကြသည်။
ကလေးကစလို့ သက်ကြီးရွယ်အိုအဆုံးထိုသို့ပင်။
အမျိုးသမီးတိုင်းလိုလို သစ်ခေါက်ဖြင့်ပြုလုပ်ထားသောဆံထိုးများကိုထိုးထားကြကိုတော့ သတိပြုမိလိုက်သည်။

အကြီးအကဲ၏အိမ်ဖြစ်ဟန်တူသောအိမ်ရှေ့တွင် ရပ်လိုက်သည်။

"အထဲကိုဝင်သွားလိုက်ပါ"

အိမ်ကြီးမှာ အကြီးအကဲအိမ်ဖြစ်သည့်အလျောက် တခြားအိမ်များနှင့်မတူ ခမ်းနားသည်။
ကျွန်းများဖြင့်တည်ဆောက်ထားပြီး အလွန်ကျယ်ဝန်သည်။

"မင်းသား ဒီကိုကြွပါခင်ဗျ"

သူတို့ဝင်လာတာကိုမြင်တော့ အကြီးအကဲဖြစ်ဟန်ရှိသည့်သူသည် သူထိုင်နေသည့်နေရာကိုလာခိုင်းသည်။

အကြီးအကဲသည်အသက် 50 ကျော်ကျော်တော့ရှိလောက်မည်။
သိုးမည်းမွှေးကိုဝတ်ဆင်လာပြီး ပါး၌ဓားရာများ။
ထိုသည်ကသူ၏ရဲရင့်မှုကိုပြနေသလိုလို။
ရုပ်ရည်မှာ တည်ငြိမ်ပြီးရက်စက်သည့်ပုံပေါက်သည်။

The Moon's StarWhere stories live. Discover now