Part 35

350 20 7
                                    

Unicode

"ဗြော"

"..."

"ဗြော"

"..."

"ဗြော"

"ဟင်"

"အဆင်ပြေရဲ့လားဗြော"

"အင်း ပြေပါတယ်"

အဆင်ပြေတယ်သာပြောပေမယ့် စိတ်နဲ့ကိုယ်နဲ့မကပ်နေသည့် ဗြောပုံစံကြောင့်သူစိတ်ပူပြီးစိုးရိမ်နေမိသည်။

"ခေါင်းရောမူးသေးလား"

"ဟင့်အင် မမူးတော့ဘူး"

ပြန်ဖြေပြီးပြန်တိတ်သွားတဲ့ဗြောကအတွေးများနေသည့်ပုံစံ။တကယ်အဆင်ပြေတာရောဟုတ်ရဲ့လား

"ဗြော တစ်ခုခုဆိုကိုယ့်ကိုပြောလို့ရတယ် ဘာအကြောင်းအရာဖြစ်ဖြစ် ကိုယ်ကူညီနိုင်တာရှိရင်လဲကူညီပေးမယ်"

ဆိုလိုက်တော့ အနည်းငယ်တွေဝေသွားဟန်။ပြီးမှ

"အီယောင်းဟို ဆိုတဲ့သူကိုရှာပေးလို့ရမလား"

"အီယောင်းဟို?"

"အင်း"

"အင်း ဟုတ်ပြီ ကိုယ်ရှာပေးမယ် မတွေ့တွေ့အောင်ရှာပေးမယ်"

"ကျေးဇူးတင်ပါတယ် မင်းကြီး"

ဘာကြောင့်ရှာခိုင်းတာကိုတော့ ယွန်းမမေးလိုက်။ တစ်ခုခုဆိုဗြောကသူ့ကိုပြောပြပါလိမ့်မယ်။

အီယောင်းဟို
ဘာကြောင့်ရယ်မသိ ရင်းနှီးနေသလိုရှိသည့်နာမည်။
စဉ်စားသော်လဲစဉ်းစားမရ။
စဉ်းစားမရသည်ကိုအတင်းအကျပ်စဉ်းစားမနေတော့ဘဲ ဗြောရှာခိုင်းသည်ကိုရှာရန်သာဆုံးဖြတ်လိုက်သည်။

မင်းကြီးကို စိတ်ပူနေမှာစိုး၍ခေါင်းမမူးတော့ဘူးလို့ပြောလိုက်ပေမယ့် တကယ်လက်တွေ့တွင်တော့မူးနေသေးသည်။
တစ်ဆစ်ဆစ်နှင့်ထိုး၍ပါကိုက်နေသေး၏။

အဆောင်ကိုပြန်ရောက်သည်နှင့်ဘာကိုမှမလုပ်နိုင်တော့ဘဲ လှဲသာအိပ်နေမိသည်။ဒီအချိန်မှာဘာကိုမှမလုပ်ဘဲ အိပ်လိုက်သည်ကသာအကောင်းဆုံးပါလေ။

ဖြစ်နိုင်ရင်တော့ဒီမတင်မကျဘာကိုမှသေသေချာချာမသိသည့် အခြေအနေကြီးက ရုန်းထွက်ချင်မိသည်။
ရှုပ်ထွေးနေသည့်ကြိုးစတွေကိုဘယ်ကစဖြေရှင်းရပါ့မလဲ။

The Moon's StarWhere stories live. Discover now