Part 17

627 55 31
                                    

Unicode

"မင်းအဆင်အသင့်ဖြစ်ပြီလား ဝေါ?"

ချန်းမင်းအမေးကိုသူခေါင်းညိမ့်ပြလိုက်သည်။

သူမနက်ဖြန်ဆိုလျှင် မီလန်းသို့သွားရတော့မည်။
ဘယ်လောက်ကြာမည်လည်းမသိ။
ဘယ်လိုဖြစ်မည်လည်းမသိ။
ဘာကိုမှကြိုမသိသလို ကြိုခန့်မှန်းလို့လဲမရပေ။

အနည်းငယ်တော့ စိုးရိမ်မိပေမယ့် သူမရဲ့စကားတို့ကြောင့် သူအားအင်ရသည်။

"ရှင်လုပ်နိုင်မှာပါ ကျွန်မရှင့်ကိုယုံတယ် ဖိုက်တင်း...အာ ဖိုက်တင်းက အားပေးတာ"

သူမစကားကိုပြန်လည်ကြားယောင်းမိတော့ နှုတ်ခမ်းပါးနှစ်ခုအပေါ်သို့ကွေးညွတ်သွားလိုက်သေးသည်။

စိတ်ချပါကလေးငယ် မင်းပြောသလိုဘဲကိုယ်လုပ်နိုင်မှာပါ
သေချာတယ် လုပ်ကိုလုပ်နိုင်မှာ..။

----

"ဗြော"

ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ ရောက်နေသည်က ယောင်းဒို Hyung ရယ်ပါ။

"ဟုတ်ကဲ့ မင်းသားယောင်း"

သူမအရိုအသေပေးလိုက်တော့ ယောင်း စိတ်ထဲဘဝင်မကျပေ။

"ကိုယ်မီလန်းကိုသွားရမှာ မင်းသိလား?"

"ဟုတ်ကဲ့"

မျက်ဝန်းတို့ကသူ့ကိုကြည့်မနေ မျက်လွှာချပြီးအောက်ကိုစိုက်ကြည့်၍သာ။

"ကိုယ့်ကိုစိတ်မပူဘူးလား?"

"...."

"ဖြေပါ!!!"

သူ သူမမေးစေ့ကိုအကြမ်းပတမ်းဖြင့် ဆွဲကာအပေါ်မော့စေတော့ သူမလန့်ပြီးနာသွားသည်ထင် မျက်ဝန်းထဲ၌ အရည်ကြည်တို့ ဥလာသည်။

အဲ့မျက်ဝန်းတွေ...အဲ့မျက်ဝန်းတွေကြောင့် ကိုယ့်ကိုကိုယ်လူကြမ်းလို့ ခံစားမိ‌စေတာမင်းသိလား?

"ဖြေပါ ကိုယ့်ကိုစိတ်မပူဘူးလား?"

ဖြေပါ...ကျေးဇူးပြုပြီး လိမ်ညာပြီးဖြစ်ဖြစ်ဖြေပေးပါ...

"ဂရုစိုက်သွားပါမင်းသားယောင်း မထိခိုက်ပါ‌စေနဲ့"

ထိုအခါမှသာ လိုချင်တာရသွားသည့်ကလေးငယ်ပမာ ယောင်း ပျော်ရွှင်အူမြူးသွားသည်။

The Moon's StarWhere stories live. Discover now