Part 10

887 91 44
                                    

Unicode

"မင်းကြီးက သမီးနဲ့မင်းသားငယ်ယုံးကို လက်ဆက်ပေးချင်တယ်ဆိုပြီး အဖေ့ကိုပြောသည် အဲ့ဒါသမီးဘယ်လိုသဘောရလဲ"

"ရှင်!"

အဖေရဲ့ အပြောကြောင့် သူမအလန့်တကြားအော်မိလိုက်သည်။

"အဖေ သမီးမကြိုက်ဘူး နန်းတော်ထဲမသွားချင်ဘူး"

"ဒါပေမယ့် ဗြောလေးရယ်မင်းကြီးကိုငြင်းဆန်လို့မှမရတာ"

"ဟင့်အင် ဘယ်လိုဘဲဖြစ်ဖြစ် သမီးမလုပ်နိုင်ဘူး"

"ဗြောလေး အဖေဒုက္ခရောက်တာကိုမြင်ချင်လို့လား"

သူမ အခက်တွေ့ရပါသည်။
ဗြော တကယ့်ကိုနန်းတော်နဲ့မပတ်သက်ချင်တာပါ။

"အချိန်တန်ရင်အဆင်ပြေသွားမှာပါ သမီးရယ်နော်"

"..."

သူမ ဘာစကားကိုမှပြန်မပြောတော့ဘဲ အခန်းထဲကိုသာပြေးဝင်သွားမိသည်။

ဟင့်အင် သူမမလုပ်နိုင်ဘူး။
အခြားသူတွေမင်းသားတွေနဲ့လက်ဆက်ချင်ပေမယ့် သူမကတော့မကြိုက်ဘူး။
လွတ်လပ်တဲ့ဘဝကိုဘဲ ကြိုက်တယ်။
ဟုတ်တယ် သူမဘယ်လိုဘဲဖြစ်ဖြစ် ဒီပွဲကိုပျက်အောင်လုပ်ရမယ်။
ဘယ်နည်းနဲ့ဘဲဖြစ်ဖြစ်။

"ဟူးး"

ပြေးထွက်သွားတဲ့ ဗြောရဲ့ကျောပြင်ကိုကြည့်ရင်း အမတ်ဂင် သက်ပြင်းချမိသည်။
ဖြစ်နိုင်ရင်သူလည်း ဗြော ဆန္ဒမပါတာကိုအတင်းမလုပ်ချင်ပေမယ့် မင်းကြီးပုံစံကအရမ်းကိုလေးနက်နေသည်။
မရရအောင်လုပ်မည့်ပုံမျိုး။

"ဗြောကငြင်းလိုက်တာလား"

အဖြစ်အပျက်များကို အစအဆုံးချောင်းကြည့်နေတဲ့ ဗြောရဲ့မိထွေးဖြစ်သူ ယန်းအင်ဟီးက မေးသည်။

"ဟုတ်တယ်"

"ကလေးစိတ်မပါတာကိုအတင်းကြီးမလုပ်ပါနဲ့ ကိုရယ်"

"ကိုလည်းမလုပ်ချင်ပေမယ့် မင်းကြီးက..."

"မင်းကြီးက ဘာဖြစ်လဲ ကို?"

"ထားလိုက်ပါတော့"

အဖြေပြန်မရတာကြောင့် သူမ မျက်ခုံးတို့တွန့်ချိုးသွားပြီး မျက်နှာမှာမဲ့သွားတော့သည်။

The Moon's StarWhere stories live. Discover now